"အဲ့လိုမပျင်းရဘူးလေ ကလေးရဲ့။ တော်ကြာ
အိမ်စာမပြီးရင် ကလေးကိုဆရာမကအပြစ်
ပေးနေမှာပေါ့ "

"အပြစ်ပေးခံရတာပျော်စရာကြီး ပါပါးရဲ့"

ဟေ...အပြစ်ပေးခံရတာကို
ပျော်စရာကြီးဆိုပါလား?
ဘယ်လိုတွေအပြစ်ပေးနေလို့
ဒီအကောင်ပေါက်လေးက
ပျော်နေရတာတုန်း...။

"ဘယ်လိုအပြစ်ပေးလို့ ကိုယ့်ကလေးလေးက
ပျော်နေရတာတုန်း?"

"ကျောင်းမှာလေ စာမပြီးရင်နားရွက်ဆွဲပြီး
ထိုင်ထလုပ်ရတာ။ သူများတွေကနားရွက်ဆွဲ
လို့မောနေပေမဲ့ Taetaeနားရွက်လေးကကျ
ခေါင်းပေါ်ရောက်နေတော့ မောဘူးပေါ့။
အဲ့လိုလေးနားရွက်ဆွဲရတာပိုတောင်နေလို့
ကောင်းသေးတယ် သိလား ပါပါး"

သူ့ခေါင်းပေါ်က နားရွက်အညိုနုလေးအား
သဘောကျစွာ ဖွဖွပွတ်သပ်ပေးလိုက်တော့
တခစ်ခစ်ရယ်မောနေသော
အကောင်ငယ်လေး...။
တခါတလေကျ Hybrid ဖြစ်တာလဲ
ဒီလိုနေရာလေးတွေမှာ
အသုံးဝင်တာပေါ့လေ။

"ဒါပေမဲ့ ကလေးရယ် အဲ့လိုဆိုပြီးအိမ်စာမလုပ်
ရင် ကလေးကိုဆရာမကဆူမှာပေါ့။ ဆရာမက
အဲ့လိုဆိုကိုယ့်ကိုရုံးခန်းခေါ်ပြီးလက်မှတ်
ထိုးခိုင်းတော့ ကိုယ်ဘယ်စိတ်ကောင်းမတုန်း"

သူလဲပြောလိုက်ရော မျက်လုံးလေး
ကလယ်ကလယ်နှင့် သူ့ပါးနှစ်ဖက်ကို
လာကိုင်သော မြေခွေးပေါက်လေး။

"Taetaeကပါပါးကို ငိုအောင်လုပ်ဖူးနော်။
Taetaeစာလုပ်မယ်, ပါပါးကငိုရဖူးနော်"

သူ့နှုတ်ခမ်းပေါ်လက်ညှိုးလေးတင်ရင်း
မငိုပါနဲ့ဆိုပြီး လာချော့နေပုံလေးက
မသိရင် သူကပဲလူကြီးလေးကျလို့။
တကယ်တည်း...တတ်လဲတတ်နိုင်
လွန်းတဲ့ ကလေးလေး။

"ဟုတ်ပါပြီဗျာ။ ကိုကို့ကလေးလေးကတအား
လိမ္မာတော့ ဆုချရမယ်။ ကဲ ဘာစားချင်လဲ
ပြော...ကိုကိုဝယ်ကျွေးမယ်"

ထိုစကားကြားသည်နှင့်တပြိုင်နက်
သူ့ပေါင်ကနေဆင်းကာ အခန်းထဲက
ပြေးထွက်သွားတာများ လုံးနေတာပဲ။
ဘာတွေသွားလုပ်သည်လဲတော့မသိ,
ခဏကြာတော့ မီးဖိုချောင်ထဲက
အနီရောင်ပလတ်စတစ်ပန်းကန်လုံးလေး
ပိုက်ပြီး သူ့ဆီပြန်လာသည်။

PURPLE || KV || ✔Where stories live. Discover now