Chronicles

1.2K 138 18
                                        

ကလိုဗာနန်း​တော်​၏ ခန်းမသည်​ ​ခြောက်​ခြားစွာတိတ်​ဆိတ်​​နေသည်​။ ​ကြောက်​ရွံ့စွာဖြင့်​ မြို့စားငယ်​ပြန်​အလာကို​စောင့်​​မျှော်​​နေသည့်​ ဂုဏ်​ထူး​ဆောင်​လူကြီးများ၏ မျက်​နှာကမသာမယာ။ ​ခြေသံပြင်းပြင်းတို့က အ​ဆောင်​ဝကို ချဉ်းနင်းဝင်​​ရောက်​လာသည်​။ အရှင် ချန်​​ယောလ်​ ပြန်​​ရောက်​လာပြီ။ နယ်​​မြေ​ပေါင်းစုံအစည်းအ​ဝေးပွဲအတွက်​သွားပြီးပြန်​လာသည့်​အခါတိုင်း ​ဒေါသ​ပေါက်​ကွဲ​နေကြ။

"ကျုပ်​​ပြောမယ်​.. ဒီ​နေ့ကစပြီး အယ်​လာဒိုက သံတမန်​​ရောက်​လာရင်​အကုန်​လုံးကိုသတ်​... တစ်​ခွန်းမှစစ်​​မေး​နေစရာမလိုဘူး​နော်​ ..ကျုပ်​ကိုသတင်းလာပို့စရာလည်းမလိုဘူး.. ကုန်​ကုန်​​ပြောမယ်​ အယ်​လာဒိုသခင်​ ​ဗြောင်​ဘက်​ခ်​ဟျွန်းးကိုယ်​တိုင်​လာရင်​​တောင်​ သတ်​လိုက်​"

နီညို​ရောင်​ကုတ်​အင်္ကျီ၏ ​ပုခုံးဘား​ပေါ်​မှ ​ရွှေ​ရောင်​ချည်​မျှင်​ဖွားများက တဖြတ်​ဖြတ်​လှုပ်​ရှား​နေသည်​။ ​ဒေါသမျက်​နှာက မှုန်​မှိုင်းအုံ့ဆိုင်း​နေ​တော့သည်​။ ကိစ္စ​သေး​သေး​လေး​တွေဖြင့်​ ပြဿ နာတက်​​နေကြ​ပေမယ့်​ ဒီတစ်​ကြိမ်​​တော့အနည်းငယ်​ဆိုးဝါးပုံရ​လေသည်​။

"ဘယ်​သူလာလာတကယ်​ပဲသတ်​​တော့မှာလား?"

ခန်းစီးစ​နောက်​မှ အသာအယာထွက်​လာ​သောအသံ။ ဂုဏ်​ထူး​ဆောင်​​တော်​ဝင်​အရာရှိများ သက်​ပြင်းချလိုက်​ကြသည်​။ သခင်​​လေးအိုလာပြီ။ ​အရှင်​ ချန်​​ယောလ်​၏ ​ဒေါသတို့ကို ပြိုကျ​စေနိုင်​​သော တစ်​ဦးတည်း​​သောညီအရင်း​လေး။

"ငါ သတ်​မှာ ​ပြောပြီးသား ​ဗြောင်​ဘက်​ခ်​ဟျွန်းးကိုယ်​တိုင်​ဆိုရင်​​တောင်​သတ်​မှာ.."

"အင်း အဲ့ဒါဆိုလည်း မတား​တော့ဘူး.. ဒါ​ပေမယ့်​ နန်း​တော်​ဂိတ်​ဝကို အခုဖြစ်​ဖြစ်​ ခဏကြည့်​လိုက်​ပါလား.. အန်​ကယ်​ဂျက်​စတင်​ အခုပဲ​ရောက်​လာတဲ့သံတမန်​ကို ကွပ်​မျက်​ဖို့စီစဉ်​လိုက်​ပါ​တော့.. အရှင်​ချန်​​ယောလ်​ရဲ့အမိန့်​ပဲ.. ကလိုဗာနန်း​တော်​မှာ တစ်​​သွေးတစ်​သံတစ်​မိန့့်​စနစ်​ကိုကျင့်​သုံးတယ်​​လေ အဟင်း"

Chronicles Stories to obsess over. Discover now