" ဟုတ်တယ်... စိတ်ပြေလက်ပျောက် သဘောပဲ "
" ကောင်းပါတယ်... ဒီအိမ်က မင်းလည်းတစ်ဝက်ပိုင်တာပဲဟာ "
ဟုတ်တာပေါ့...။ ချစ်သူသက်တမ်းတစ်နှစ်ပြည့် အမှတ်တရ ဆိုပြီး ကြိုစုထားတဲ့ ပိုက်ဆံတွေနဲ့ အိမ်လေးကို ဝယ်ခဲ့ကြတာ။ အမှတ်တရ အချိန်တွေအများကြီး ဒီအိမ်လေးထဲမှာပဲ ကုန်ဆုံးခဲ့ကြတာ ။ မြတ်နိုးလွန်းလို့ သူနဲ့ လမ်းခွဲပြီးတာ
တောင်... ဒီအိမ်မှာပဲ ဆက်နေနေခဲ့တာ...။
သက်ပြင်းမသိမသာ ချလိုက်မိပြီး သူ့အရှေ့မှာ ဝင်ထိုင်လိုက်တော့ ကြောင်မျက်စောင်းတစ်ခု လှလှပပကြီး လက်ခံလိုက်ရတယ်။ ကြည့်ရတာ.. ရိုက်လိုက်မိတဲ့ ကိစ္စကို သိပ်မကျေနပ်ပုံပင်...။
" ခုနက ဖြစ်သွားတာအတွက် တောင်းပန်ပါတယ် ငါက
သူခိုးလို့ ထင်လိုက်မိတာ ဘယ်တုန်းကတည်းက ရောက်နေတာလဲ "
သူ့ကို သူခိုးလို့ ထင်မိတယ်ဆိုတော့ မျက်ထောင့်နီတွေနဲ့ လာကြည့်နေပြန်တယ် ။ရာသီဥတုကပဲ ချမ်းစိမ့်စိမ့် နိုင်လို့လားမသိ။ကျောချမ်းလာသလိုပင် ။ ဟိုတုန်းက စိတ်နဲ့သာဆိုရင် မိုးမွှန်နေအောင် အဆဲခံရမှာ သေချာတယ်လေ။
လက်သီးစာမမိရင်ပင် ကံကောင်းလို့ပါ။ အခုတော့ သူလည်း
ရင့်ကျက်သွားပြီထင်ပါရဲ့...။
" ငါညကတည်းက Daegu မှာရောက်နေတာ
Hotel မှာ အိပ်ပြီး မနက်မှဒီကိုထလာတာ
ခရစ်စမတ်ပြီးရင် ပြန်မယ် ကဲ ဘာသိချင်သေးလဲ "
စကားကို နှုတ်ခမ်းထော်ပြီးပြောနေသည်မှာ သမာဓိအား လာစမ်းနေသလိုပင် ။ သုံးနှစ်လောက် မနမ်းခဲ့ရတဲ့ အဲ့နှုတ်ခမ်းရဲရဲက အာခေါင်ခြောက်လာစေတဲ့အထိ ဆွဲဆောင်နိုင်လွန်းတယ်။ စိတ်ရှိတဲ့ အတိုင်းသာဆိုလျှင် အဲ့နှုတ်ခမ်းတွေကို ဆွဲနမ်းလိုက်ချင်ပေမယ့်... ကိုယ်ပိုင်တဲ့လူ မဟုတ်တော့ဘူး ဆိုတဲ့ အသိကြီးက အိပ်မက်ဆိုးတစ်ခုလို ခြောက်ခြားစေတယ်။မထင်ရင် မထင်သလိုလုပ်မယ့် အချေကိုလည်း ကြောက်ရသေးတယ်လေ ။ သူ့ကိုလည်း ရိုက်မိထားတော့ အပြောအဆို အနေအထိုင်ဆင်ခြင်ကာမှ တော်ကာကျမည်မဟုတ်လား ။
ESTÁS LEYENDO
Red String
Historia Cortayou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike
