အဲ့ဒီမြင်ကွင်းကြောင့် သူခိုးလည်း မကြောက်နိုင်။ဒေါသတွေက အလိပ်လိုက် ထွက်လာတော့ အခန်းထဲ ဝင်လိုက်ဖို့ လုပ်နေချိန်မှာပဲ လူခြေသံတရှပ်ရှပ်က အတိုင်းသား ထွက်ပေါ်လာတယ်။အဲ့ဒါကြောင့် တံခါးဘေးက နံရံမှာ ပြေးကပ်
လိုက်ရင်း သူခိုးထွက်လာတာနဲ့ ရိုက်ဖို့ ပြင်လိုက်တယ် ။ မကြာပါဘူး ... အဲ့သူခိုးလည်း ထွက်လာရော တုတ်နဲ့ ခေါင်းကို အားပါပါနဲ့ ဆီးရိုက်လိုက်တော့တယ် ။
' ရားးးး ' ' အားးးး '
ကျွန်တော့်ရဲ့ အားနဲ့မာန်နဲ့ အော်ပြီးရိုက်လိုက်တဲ့
အသံရယ် အရိုက်ခံရတဲ့ လူရဲ့အသံတွေက
တစ်အိမ်လုံးကို တုန်သွားတော့မတတ် ကျယ်လောင်
သွားတော့တယ် ။
ရိုက်မိလိုက်တဲ့လူကို သေချာကြည့်မိတော့ သူ့ကိုယ်သူ အိပ်မက်မက်နေသလားပင် ထင်ရတဲ့အထိ။ အခြားသူတော့
မဟုတ်။ တစ်ချိန်က...မဟုတ်ပါဘူး အခုထက်ထိ ရူးရူးမူးမူး ချစ်နေမိသေးတဲ့ လူသား။
" Min ... Min Yoongi! "
အံ့သြမှုခြင်းတွေ အပြည့်နဲ့အတူ ရေရွတ်မှုတွေ အဆုံး သူတို့
နှစ်ယောက်ကြားက.. လေထုဟာလည်း အတန်ကြာ
တိတ်ဆိတ်သွားခဲ့တယ်...။
~~~~~~~~~~~~~~
" Kim Tae Hyung လုပ်လိုက်ရင် အရာရာနဲ့
အကြောင်းကြောင်းချည်းပဲ "
သုံးနှစ်လောက်ကြာမှ လွမ်းနေခဲ့ရတဲ့ ပေါက်ပေါက်ဖောက်သံ
လေးတွေ ပြန်ကြားတော့... ပျော်နေတဲ့ အပျော်တွေက
ဘာနဲ့မှမတူ။ မနက်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်အရှေ့မှာ
သူရှိနေတယ်ဆိုတဲ့ အသိက စုံလုံးကန်းစေတဲ့ အထိ။
ခေါင်းကို ပတ်တီးစည်းပေးရင်း... သူ့ဆံပင်တွေဆီကရတဲ့
ခပ်သင်းသင်းအနံ့လေးက စိတ်ကိုမရိုးမရွ ဖြစ်စေတယ်။
" မင်းဒီကို အလည်လာတာလား Yoongi "
ပတ်တီးစည်းပေးပြီးနောက် ဆေးသေတ္တာကို ဧည့်ခန်းရဲ့ မြင်လွယ်တဲ့ ထောင့်တစ်နေရာမှာ ထားရင်း မေးမိပေမယ့်
စိမ်းသက်သက်အခြေအနေတစ်ခုလို ခံစားနေရတယ်။
ရည်းစားဖြစ်ကာစကလို... လှုပ်ရှားမှုတိုင်းက ကျဉ်းကြပ်လှတယ်။ ရင်ဘတ်ထဲက အကောင်ငယ်ဟာလည်း
အလိုက်မသိ...။ တဒိတ်ဒိတ်နဲ့ မြည်မြဲမြည်နေဆဲ ။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike
Again
Start from the beginning
