Agust-D and Suran are dating.

မထင်​မှတ်​ထားတဲ့ သတင်း​တစ်​ခု​ကြောင့်​ စိုစွတ်​လာတဲ့
ပါးပြင်​​ပေါ်က မျက်​ရည်​​တွေက သူနဲ့ ပတ်​သက်​လာရင်
ခံစားလွယ်​​နေတာကို ပိုပြီးထင်​ရှား​အောင်​ သက်​​သေပြ​နေ​လေရဲ့..။ လက်​ထဲက ဖုန်းကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​ထားရင်း ငို​နေမိတဲ့သူ့ကို ဖြတ်​သွားတဲ့လူအချို့က
စွေ​စောင်းကြည့်​သွားကြတဲ့အထိ။

မိုက်​မဲတယ်​လို့​ပြောမလား၊ ရူးသွပ်​တယ်​လို့ ​ပြောမလား မသိ​ပေမယ့်​ ရင်​နာနာနဲ့ပဲ ဆု​တောင်းမိလိုက်​​သေးတယ်​။

" ချစ်​တဲ့သူနဲ့ ​ပျော်​ရွှင်​ပါ​စေ Min "

အချစ်​ဆိုတဲ့ အရာက သူ့အပြုံးတစ်​ပွင့်​နဲ့တင်
ပြည့်​စုံသွားတတ်​တာမျိုးပင်​...။

❄❄❄❄❄

အိမ်​က ထွက်​လာတုန်းက ​ပေါ့ပါး​နေတဲ့ ​ခြေလှမ်း​တွေက
အပြန်​နဲ့မတူစွာ ​လေးပင်​လို့​နေတယ်​။ အ​တွေး​ပေါင်းစုံ၊ ခံစားချက်​​ပေါင်းစုံရှုပ်​​ထွေး​နေတဲ့ မျက်​နှာဟာလည်း မသာယာ။
တလှမ်းခြင်း.. အားယူကာ ပြန်​လာရင်း အိမ်​​ရှေ့​ရောက်​​တော့
ပွင့်​​နေတဲ့ ခြံတံခါးက ရှုပ်​​ထွေး​နေတဲ့ စိတ်​အစုံကို ​ဒေါသ
ထွက်​လာ​အောင်​ လှုံ့​ဆော်​တယ်​။ ​သေချာတာက​တော့
သူ့အိမ်​ထဲ မနက်​​စော​စောစီးစီး သူခိုးဝင်​​နေပြီဆိုတာ။

တထစ်​ချ​သေချာ​နေရတဲ့ အ​ကြောင်းအရင်းက... သူ့အိမ်​ကို
ဝင်​လို့ရတဲ့လူက သူအပြင်​​နောက်​တစ်​​ယောက်​ကလွဲပြီး
အခြားသူမရှိ။ သူခိုးအိမ်​ထဲမှာ ရှိ​နေနိုင်​​သေးတော့ အနီးအနားက ​တွေ့ရာတုတ်​ကို ​ကောက်​ကိုင်​လိုက်​ပြီး
ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကာ အိမ်​ထဲကို ​ခြေ​ဖော့ပြီး တစ်​လှမ်းခြင်း ဝင်​သွားလိုက်​တယ်​ ။

သူခိုးဖမ်းဖို့ရာ စိတ်​လှုပ်​ရှား​နေ​တော့
ဝမ်းနည်း​ကြေကွဲ​နေတာ​တွေလည်း ကြက်​​​ပျောက်​ငှက်​​ပျောက်​ဖြစ်​ကုန်​တယ်​။ အသုံးပြုမယ့်​လူ မရှိ​ပေမယ့်​တန်​ဖိုးထားရတဲ့ လူသားရဲ့ အခန်းဖြစ်​တာ​ကြောင့်​ ငှက်​သိုက်​လို ဖြစ်​​နေတဲ့ ကိုယ့်​အခန်းကို ပစ်​ထားပြီး တသသနဲ့ သန့်​ရှင်း​ရေး လုပ်​ခဲ့တဲ့အခန်းက တံခါးပွင့်​လို့​နေ​တော့ ​သူ့​ဒေါသက ငယ်​ထိပ်
ရောက်​လို့​နေပြီ။

Red String Where stories live. Discover now