လမ်းလျှောက်နေရင်း ဟိုဟိုဒီဒီကြည့်ကာ မျက်လုံးတို့ကို
အလုပ်ပေးမိတော့... ပိုစတာတစ်ခုဆီအရောက်မှာ အကြည့်
တို့က ရပ်တန့်သွားလေတယ်။ စက္ကန့်တိုင်း..လွမ်းနေမိတဲ့
စူးရှရှအကြည့်တွေအောက် အရင်ကလို ရင်ခုန်သံဟာလည်း
တဒိတ်ဒိတ်နဲ့ အချက်ပေးနေတုန်းပဲ။
သူလေး တော်တော်အောင်မြင်နေပြီ ။
Agust-D ဆိုတဲ့ နာမည်နဲ့ သျှမ်းသျှမ်းတောက် အောင်မြင် နေတဲ့ Min Yoongi ဆိုတာ တစ်ချိန်က သူပိုင်ဆိုင်ခဲ့
ဖူးတဲ့လူလို့ ပြောရင် ယုံကြမယ်မထင်ပါ။ လူတကာ ငေးရလောက်တဲ့ နီစွေးစွေး နှုတ်ခမ်းပါးတွေကို အမြတ်တနိုး
နမ်းရှိုက်ခဲ့ဖူးသလို လက်ချောင်းသွယ်သွယ်တွေကိုလည်း.. တယုတယဆုပ်ကိုင်ခဲ့ဖူးတယ် ။ တစ်ခုချင်းစီကိုသာ ပြောပြရရင်တော့ ကုန်တော့မည်မထင်။
ကြည်လဲ့နေတဲ့ သူ့မျက်ဝန်းလေးက အရင်ကထက်ပိုပြီး
ပိုပြီး စူးရှလာတယ်။ ဆောင်းရဲ့ အေးစက်မှုတွေနဲ့အတူ
သူကော ကျွန်တော့်အပေါ်ထားတဲ့ ခံစားချက်တွေ အေးစက်ကုန်ပြီလားလို့ တွေးမိရင်းလည်း ရင်မောနေမိတာ အခါခါ။
ကျွန်တော်ဆိုတာလည်း... မဖြစ်နိုင်တော့တဲ့ အရာကြီးကို
အကြိမ်ကြိမ် ရူးရူးမိုက်မိုက် မျှော်လင့်နေမိသူပါ။
ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကိုလည်း အခုမှ နောင်တရနေ
မိတာမျိုး...။
ခဏအနားယူတဲ့အနေနဲ့ နီးစပ်ရာခုံတန်းတစ်ခုမှာ ဝင်ထိုင်ရင်း
ဖုန်းဖွင့်ပြီး... Instagramထဲ ဝင်လိုက်တယ်။
စိတ်ပြေလက်ပျောက်ပဲဖြစ်ဖြစ်ပေါ့ဆိုပြီး သတင်းတွေ
တစ်ခုပြီးတစ်ခု ကြည့်နေမိရင်း ရုတ်တရက်ပါပဲ။ မထင်မှတ်ထားမိတဲ့အကြောင်းအရာက ကမ္ဘာပျက်သွားသလို ခံစားလိုက်ရတယ်။New feed ပေါ်မှာနေရာယူထားတဲ့
ရေပန်းအစားဆုံးသတင်းတစ်ခုက စိတ်တွေ မွန်းကြပ်လာပြီး ဆောက်တည်ရာမရတဲ့အထိ ဖြစ်ပျက်သွားစေတယ်။
YOU ARE READING
Red String
Short Storyyou are so quiet in pain but wordlessly, your cries pluck at the red string connecting your heart and mine Taegi cover photo by: JaejoongHtike
Again
Start from the beginning
