ငါလည်း..သူ့ကိုချစ်နေတာလို့..အော်ပြောလိုက်ချင်ပေမဲ့..Byun Hyun က Na Young အား ငယ်နိုင်မို့ မပြောရဲ

Crush ဖြစ်သူ SoMi ၏ မျက်နှာလေးအား လည်တဆန့်ဆန့်ဖြင့်ငေးရင်း Hyun ဆွဲခေါ်ရာနောက်သို့ ရှုံ့မဲ့ကာ ပါသွားလေသည်

NaYoung'POV
"Byun Hyun ကိုနိုင်မဲ့ Seme တစ်ယောက်လောက်တွေ့စမ်းပါဟယ် ငါကိုယ်တိုင်အောင်သွယ်ပစ်မယ်

လိင်တူချစ်တာလည်း အချစ်ပဲဆိုတာ နင်သိအောင်ပြချင်တယ် Byun Hyun...

ဒါမှ ငါလည်း သူ့ရဲ့တစ်ဖက်သတ်ရည်းစားဘဝကလွတ်ပြီး ငါ့ SoMiလေးနဲ့အဆင်ပြေမှာ "

"အချစ်...အချစ်..."

"ဟဲ့..."

"အိစ်...ချောလိုက်တာဟယ်..လိုက်တယ်လိုက်တယ်..."

အပင်အောက်က ခုံတန်းမှာထိုင်အမောဖြေနေရင်း တောင်တောင်အီအီလျှောက်ကြည့်နေတုန်း မြင်ကွင်းထဲ တိုးဝင်လာတဲ့ အတွဲလေးတစ်တွဲ

ကောင်မလေးလက်ကို ဆွဲလို့ ရှေ့က ဘောက်ဆက်ဆက်ဖြင့် လျှောက်လာသောကောင်လေးက အချစ်နဲ့တူလွန်းလှသည်

တူတာမဟုတ်ဘူး..အချစ်..အချစ်မှ..အချစ်ပင်..

ချစ်ရသူရှိရာသို့ ခြေလှမ်းကျယ်ကြီးတွေဖြင့်လှမ်းသွားရင်း ကောင်မလေး၏ လက်ကို ခပ်ကြမ်းကြမ်းဆွဲဖြုတ်ကာ အချစ်ကိုယ်လေးအား ဆွဲဖက်ထားလိုက်သည်

သုမအား တွန်းဖယ်လို့ Byun Hyun အား အချစ်ဟုခေါ်ကာ ဆွဲဖက်လိုက်သော ကိုလူချောအားကြည့်ရင်း NaYoung လဲကျလို့နာသွားသည်ကိုတောင်မေ့သွားသည်

အိစ်...Min Na Young တို့ဆုတောင်းတွေပြည့်တော့မယ်ထင်တယ်

ဟိုကိုလူချောက Byun Hyun ကိုဖက်ထားလိုက်တာများ Byun Hyun တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲ မြှုပ်နေရောပဲ

အဟီး..Seme ကြီး..လိုက်ဖက်လိုက်တာ

ပြောမဲ့သာပြောတာ Byun Hyun ကခပ်သေးသေး ချစ်စရာလေး ဟိုက ခန့်ခန့်ကြီး 😁လိုက်ဖက်တဲ့အတွဲလေး..

" အိစ်...ချောလိုက်တာ လိုက်တယ်..လိုက်တယ်.."

Min Na Young တို့ပျော်လွန်း၍ အသံပင်ထွက်ကာ ပြောမိသည်

💔 VILLAIN 💔 [SEASON~2]Where stories live. Discover now