လည်တိုင်နားက ဖွက်ထားတဲ့
မျက်နှာလုံးလုံးလေးကိုဆွဲယူမော့ကြည့်စေတော့
အငိုလွန်ပြီး ရဲတွတ်နေတဲ့နှာဖျားနီနီလေး။
နှပ်ရည်တွေကလဲ မျက်နှာတပြင်လုံး
ဟိုတစ်စ ဒီတစ်စဖြစ်နေတာကြောင့်
မြေခွေးပေါက်လေးကိုကြည့်ရင်း
ခပ်ဟဟရယ်မိသည်။
အဲ့တော့မှပဲ သူရယ်မိတာမှားမှန်းသိတော့တယ်။
သူ့အင်္ကျီဖြူ လွလွကို အားရပါးရကိုဆွဲယူပြီး
ဘာလုပ်တယ်မှတ်လဲ?
နှပ်ချီးလာညှစ်တယ်လေ။
တယ်လဲညစ်ပတ်တဲ့ ပေါက်စ။

"Taetaeငိုတော့ဘူးနော်။ Taetaeပြုံးသွားပြီ။
ပါပါးလဲပြုံး သိလား။ ပါပါးကပြုံးရင်လှတယ်။
Taetaeကပြုံးရင်း Manlyဆန်တယ်..."

အမယ်...လက်ကျန်နှပ်ရည်အတိုအစတွေကို
ကျတော့်အင်္ကျီမှာလာပွတ်ရင်း
သူ့ကိုယ်သူပဲManlyဆန်တယ်ကလာသေး။
ရုပ်လေးကိုက ပေတိပေစုတ်နဲ့။
ဘာကောင်လေးလဲ ပေါက်စရယ်။

"Haha...အင်းပါ ကိုယ့်ကလေးကပြုံးရင်
အရမ်းManlyဆန်တာ။ လာ မျက်နှာသွားသစ်
ရအောင်။ ပေတူးလေးဖြစ်နေပြီ။ ကိုယ်ပြီးရင်
Gym သွားမလို့...ကလေးလိုက်မယ်မလား"

"လိုက်မယ် လိုက်မယ်။ ပါး သံလုံးဝတုတ်ကြီး
တွေကိုမသလို Taetaeလဲ မချင်တယ်။
သင်ပေးနော်..နော် ပါး "

"အဲ့တာ Gymကစားရင် မ ရတဲ့ဝိတ်တုံး
ကလေးရဲ့။ ဝတုတ်လို့မခေါ်ရဘူး။ အဲ့တာတွေ
ကို Heavy Weightလို့ခေါ်ရတယ် "

"ဟဲဗီးဝိတ်? ဒါဆိုသူတို့က ဝတုတ်ဟုတ်ဘူးပေါ့။
ကျောင်းမှာ တီချယ်Yuraကအကြီးကြီးတွေဆို
ဝတုတ်တဲ့။ ပါးတောင်နည်းနည်း ဝတုတ်ချင်
နေသလိုပဲ နော် "

တကယ်ပါ။
ဒီကလေးလေး လူကိုလာပြီး
ရွဲ့သလိုလိုစောင်းသလိုလိုနဲ့ လာဖဲ့နေတာများ
ဒီMuscleတွေကိုမှမထောက် ဝတုတ်တဲ့။
ဒါပေမဲ့ ကလေးကHybridဆိုတော့
စကားအသုံးမတတ်သေးတာ သူသိသည်။
အဲ့လိုပုံစံလေးကတောင် ပိုလို့အချစ်တိုးစေသည်
ကလဲ အမှန်တရားပဲမဟုတ်လား။
လူကိုထောင့်ပေါင်းစုံကနေ စေ့စေ့စပ်စပ်
ကြည့်ရင်း ဝတုတ်ဟုတ်မဟုတ်ခွဲခြမ်းစိတ်ဖြာ
နေတဲ့ဟာလေးကို မျက်နှာသစ်ပေးရန်
အသာပွေ့ချီပြီးသာ ခေါ်လာလိုက်တော့သည်။

💜💜💜💜💜💜💜💜💜💜💜💜💜💜💜

"ဝါး...Gymကအကျယ်ကြီးပဲနော် ပါး။
မှန်ဝတုတ်ကြီးတွေလဲ ရှိတယ်။ လူတွေလဲ
များကြီးပဲ။ ဟာ..ဟိုမှာလဲ ထိုင်ခုံကြီးကရွေ့နေ
တယ်။ မိုက်တယ် ပါးရာ "

PURPLE || KV || ✔Where stories live. Discover now