ဒါက သူ့စိတ်​နှင့်​သူကိုယ်​  ။ အ​ချောင်​မ​နေနိုင်​တာကလဲ
မင်​​ဆော့အကျင့်​​တွေထဲက ​ကောင်း​သောအကျင့်​တခု။
ဒါ​ပေမဲ့လဲ  OH Group ၏ မိသားစုဝင်​က​လေးကို
ဘယ်​ဝန်​ထမ်းကများ  ခိုင်းရက်​ပါ​တော့မလဲ ။ မျက်
စောင်း​လေး​တောင်​မထိုးဝင့်​ရဲပါ  ။ အလုပ်​​တွေခိုင်းဖို့
ဆိုတာ ​ဝေးလာ​ဝေး ။ ဥက္ကဋ္ဌဖြစ်​သူကိုလဲ​ကြောက်​ကြ
ရ​သေးသည်​ ။

" မင်း အိမ်​​ထောင်​သည်​​သွေးနုသားနု​လေးဆို​တော့
မင်းလူကြီးကို   မင်းမလွမ်းဘူးလား   "

" ​သေလိုက်​ပါလား  ​သွေးနုသားနု ငါက ကိုယ်​ဝန်​သည်
လား   ​ခွေး​ကောင်​   "

ဂျင်​ဝူးက စိတ်​တို​နေတဲ့  မင်​​​ဆော့ကို သွားစပြီး ကြိတ်
ရယ်​​နေ​တော့သည်​ ။ မျက်​နှာဆူဆူပုတ်​ပုတ်​နဲ့ မင်​​ဆော့
က ဂျင်​ဝူးကို  ဝါးစားပစ်​​တော့မည့်​ပုံစံနှင့်​။  ​ဘေးက
မြောင်​ယူကလဲ  ကြားသွားဟန်​နှင့်​တခွိခွိထရယ်​​နေ
တယ်​  ။

" ရိုင်းလာလိုက်​တာ  ဂင်​မင်​​ဆော့များ အိမ်​​ထောင်
သည်​ဖြစ်​သွားတာနဲ့.  ရိုင်းလာလိုက်​တာ ၊ငါ​ ဆိုအာကို
လက်​ထပ်​ခွင့်​​တောင်းဖို့​လေး  စီစဉ်​ထားတာ​တောင်
မင်းကိုကြည့်​ပြီးလန့်​သွားပြီ   "

"  လက်​ထပ်​ခွင့်​​တောင်း​တော့မယ်​​ပေါ့  "

မင်​​ဆော့က. အ​မေးကို  ဂျင်​ဝူးကအိတ်​ကပ်​ထဲက
လက်​စွပ်​ဘူးကို  ထုတ်​ပြရင်းပြုံးစစလုပ်​ပြလာသည်​။

"  ငါက အစီအစဉ်​​တွေ​တောင်​ဆွဲပြီးပြီ  ပိုက်​ဆံလဲ
စုထားတာရှိတယ်​ဆို​တော့  အ​ကောင်​အထည်​​ဖော်
တော့မယ်​​လေ လက်​ထပ်​ပြီးရင်​​နေဖို့အိမ်​လဲရှာပြီးပြီ
မိန်းမယူ  ၊ က​လေး​မွေး က​လေးအ​ဖေဖြစ်​ဖို့အထိ
တောင်​ စဉ်းစားပြီးပြီ "

"က​လေး ယူဖို့ထိ အစီအစဉ်​ရှိတယ်​​ပေါ့ဟုတ်​လား  "

" ဒါ​ပေါ့ကွ   အိမ်​​ထောင်​တခုမှာ သားသမီးရှိမှ
ပိုပြီးပြီးပြည့်​စုံတဲ့ဘဝဖြစ်​မှာ​ပေါ့  မင်းကလဲ   အ့ "

C . A.  F.  M. [ Marriage's Sweetness ]♥ Where stories live. Discover now