🐰1🐅

41K 2.7K 43
                                    

Zawgyi

🎵You are my sunshine, my only sunshine. You make me happy when skies are grey......🎵🎵

သီချင်းသံအေးအေးက မင်္ဂလာခန်းမထဲ ပျံ့လွင့်လျက်...

နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်းလောက်နှင့်သာ အကျဉ်းချုန်း လုပ်ခဲ့သည့် မင်္ဂလာ ပွဲမို့ လူလည်း အနဲငယ်သာ ရှိနေလေသည်.

စင်ပေါ်တွင်တော့ ဖာသာတယောက်နှင့် ရှေ့တွင် သတို့သား နှစ်ယောက်..လက်စွပ်ဗန်းလေးကိုင်ထားသည့် ကောင်လေးတယောက်.

မင်္ဂလာလက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးနေသည့် အဖြူရောင် သတို့သား နှစ်ယောက်..လက်စွပ်လဲလှယ် ဝတ်ပေးပြီးနောက် အနမ်းမမည်သော ထိကပ်ရုံသာရှိသော အနမ်းတပွင့်..

ချောမောလွန်းလှသည့် မျက်နှာကျ စူးရှတောက်ပသည့် မျက်ဝန်းတစုံ နှင့် ကောင်လေးတယောက်..ဘေးတွင်တော့ ချစ်စဖွယ် ဝဝလုံးလုံး ပါးဖောင်းဖောင်းနှင့် ဖိုးဝရုပ်လေးလို ကောင်လေးတယောက်.

Jeon Jungkook နှင့် Kim Taehyung

Sorry.....ခုတော့

Jeon Jungkook နှင့် Jeon Taehyung

သူငယ်ချင်း အနဲငယ်နှင့် နှစ်ဘက် မိဘ ဆွေမျိုးများသာ ဖိတ်ထားသောကြောင့် မင်္ဂလာပွဲလေးက  စည်စည်ကားကားတော့ မဖြစ်ခဲ့...

ထို့ပြင် သတို့သား နှစ်ယောက်လုံးက အေးစက်စက် မျက်ဝန်းတို့နှင့် အပြုံးအရယ် ကင်းမဲ့လျက်..

ပြုံးပျော်နေသူတို့က မိဘများသာ...အဓိကအားဖြင့်တော့ အဘွားနှစ်ယောက်သာ..

မိဘတွေ စီစဉ်တဲ့ပွဲမို့ မိဘတွေပဲ ပျော်နေသည်မှာ အထူးအဆန်းတော့မဟုတ်...

မင်္ဂလာပွဲလေးပြီးတော့ နှစ်ဖက်မိဘ လက်ဖွဲ့ပေးထားသော အိမ်လေးဆီသို့...နှစ်ဖက်မိဘဟုသာ ပြောရသည်..အဓိကကတော့ Jungkook အဖွားကိုယ်တိုင် စိတ်ကြိုက်ရွေးကာ ဝယ်ပေးထားသည့်အိမ်သာ ဖြစ်သည်..

ခြံဝန်းကျယ်ကျယ်လေးထဲတွင် နှစ်ထပ်အိမ် အပြာရောင်လေးက တင့်တယ်လှပစွာ ရှိနေသည်..ပန်းပင်တချို့နှင့် ဒန်းလေးက ပနံသင့်စွာ ရှိနေသေးသည်...

ဒီတလ......ဒီတလတော့ ဒီအိမ်မှာ သူနဲ့ တူတူ နေရဦးမည်..နောက်လဆိုကျောင်းပြန်ဖွင့်ပြီ ဖြစ်သည်...နှစ်ယောက်လုံးက နောက်ဆုံးနှစ် ကျောင်းသားတွေ..နောက်ဆုံးနှစ်.ဒုတိယနှစ်ဝက်တက်ရမှာ ဖြစ်သည်.... နှစ်ယောက်လုံး အင်ဂျင်နီယာကျောင်းသားများ...မေဂျာတော့မတူ...

My love story (Completed)Where stories live. Discover now