Ch 18(Zawgyi &Unicode)
Start from the beginning
အရမ်းကြီးတောက်ပမနေတဲ့ အလင်းပျောက်လေး
တွေကတစုတစည်းထဲပေါင်းစည်းကာ အထဲမှာရှိနေ
တာကို မမြင်ရအောင်ကာရံထားသည်။
ဝတ္ထုကိုဖတ်ထားပြီးပြီဖြစ်တဲ့ readerက အဲဒီထဲမှာ
ဘာအန္တရာယ်မှမရှိတာကို သိပြီး နံရံကိုဖြတ်ဖို့လုပ်
ပေမယ့် သူ့လည်ပင်းကော်လံကနေပြီး ဇာတ်လိုက်
ပြန်ဆွဲတာကို ခံလိုက်ရသည်။ဒီလူငယ်လေးက
ခေတ်လူပါ...အသားစားကြောင်လေးမဟုတ်ဘူး!
“အဲဒီမှာအန္တရယ်မရှိဘူး” သူ့နားကျပ်တွေကို
နေရာတကျဖြစ်အောင်လုပ်ပြီး အမူအရာမရှိဘဲ
ပြောလိုက်သည်။တုကျဲ့ ကို ရှို့  ငြိမ်သက်စွာနဲ့ပဲ
စိုက်ကြည့်နေခဲ့သည်။သူ့မျက်ခုံးတွေက တွန့်ချိုး
နေကာ..သူ့မျက်နှာကိုမှုန်မှိုင်းပြီး အလေးအနက်
သုံးသပ်နေပုံပေါက်စေသည်။
စိုက်ကြည့်ခံနေရခြင်းကြောင့် တုကျဲ့ မနေတတ်တော့
ဘဲ မျက်နှာထား တောင့်တင်းလာခဲ့သည်။တုကျဲ့ 
အရမ်းကို စိတ်ရှုပ်ပြီး...စိတ်ဓာတ်ကျကာ
စိတ်တိုလာခဲ့သည်။သူ့နေရာမှာ သာမန်လူတစ်
ယောက်သာဆိုရင်...ဇာတ်လိုက်ကို spoilerတွေ
ပြောပြပြီးနေလောက်ပြီလို့ သူ တွေးမိသည်။
_Ah...သူက အရူးတစ်ယောက်ပဲ...အမြဲတမ်း
ရယ်နေပြီး တခြားသူတွေကိုသေလောက်အောင်
ရယ်စေတဲ့ စကားတွေပဲပြောနေတဲ့သူ ။
လက်က ရေခဲလိုအေးစက်နေခဲ့သည်။ရှုက
သူ့လည်ပင်းကိုလွှတ်ပြီးသူ့ဘယ်ဘက်လက်မောင်းကို
ဆုတ်ကိုင်ထားသည်ကို တုကျဲ့ သတိပြန်ဝင်လာခဲ့
သည် ။ရှို့ က သူ့လက်မောင်းကိုဆုပ်ကိုင်လိုက်သော
ကြောင့် သူ့ချိုင်းကြားထဲမှာ ညှပ်ထားခဲ့တဲ့
doujinshiစာအုပ် ပြုတ်ကျတော့မလိုဖြစ်သွား
ခဲ့သည်။
တုကျဲ့ သူ့နားကြပ်ကိုချက်ချင်းလွှတ်ပြီး လှမ်းဖမ်း
လိုက်ရသည်။ ကံမကောင်းရှာတဲ့readerမှာတော့
ဇောချွေးတွေ ပြန်လာခဲ့ရှာသည် ။
ဇာတ်လိုက်သာ ဒီhardcore doujinshiကို
မြင်သွားခဲ့ပြီး...သူကိုယ်တိုင်က အချစ်စိတ်တွေမွှန်ပြီး
လုံးလားထွေးလားဖြစ်နေတာကို တွေ့သွားခဲ့ရင်...
System: မင်းရဲ့ အသင်းသား [doujinshi]
ဒေါသရိုက်ချက်ကို လက်ခံရရှိလိုက်ပါသည် ။
[doujinshi] အသတ်ခံလိုက်ရပါပြီ ။