Ch 18(Zawgyi &Unicode)
Start from the beginning
သူ့ဆီမှာ အဖြူနဲ့အနက်နှစ်ရောင်သာရှိသည်။
အနက်ကလည်း အရမ်းကိုနက်လွန်းပြီး...အဖြူက
လည်း အရမ်းကိုဖွေးလည်းအားကြီးသောကြောင့်
လူတွေကို သူ့တို့နှလုံးထဲကနေပြီး ကြောက်ရွံ့ မှုကို
ခံစားရစေသည်။သူကအမှန်တကယ်လို့ကိုမထင်ရပေ။
ရှုက တုကျဲ့ ရဲ့ ဘေးနားမှာလျှောက်နေခဲ့ပြီး...သူ့
ခြေလှမ်းတွေက မြန်လည်းမမြန်နှေးလည်းမနှေးဘဲ
တုကျဲ့ အရှိန်နဲ့အလိုက်သင့်လေးလျှောက်နေခဲ့သည်။
Readerကပင်ပန်းလို့ နားဖို့ရပ်လိုက်ချိန်ဆို
...ရှုလည်းရပ်ကာ သူ့ကိုတိတ်တိတ်လေးစောင့်နေ
ပေးသည်။တုကျဲ့ ရင်ထဲခံစားသွားရသည် ။
မိုးကောင်းကင်ကို ချိုးဖျုက်ရလောက်တဲ့အထိ
ဆိုးသွမ်းနေတဲ့ဇာတ်လိုက်ရဲ့ ဒီလိုစဉ်းစားပေးမှုလေး
က သူ့အတွက်တော့ မွန်မြတ်တဲ့အလင်းတန်းတွေ
ဖြာကျလာသလိုပင် ။
တစ်ယောက်ယောက်က ဇာတ်လိုက်က တုကျဲ့ကို
သူ့နောက်ကျောဘက်ကိုမပြချင်လို့...သူ့ရဲ့ စမ်းသပ်ခံ
ပစ္စည်းလေးထွက်ပြေးသွားမှာကို မလိုချင်လို့လို့
ပြောလာရင်တောင်မှ...ရှို့ နဲ့ ဘေးချင်းကပ်လျှောက်
နေရတာကိုက..သူ...
တုကျဲ့ ငြိမ်သက်နေမိသည်။ဇာတ်လိုက်ရဲ့
အမူအရာတွေက ကောင်းတဲ့ပုံစံပေါက်နေပေမယ့်
ဘာဖြစ်လို့ သူလုပ်သမျှတွေကနှိပ်စက်သလိုချည်း
ဖြစ်နေရတာလဲ?
ရှို့ လမ်းလျောက်တာကိုရုတ်တရက် ရပ်လိုက်သည်။
ဒါ ပင်ပန်းမှုမရှိတဲ့လစ်ခ်ျ့ က ပထမဆုံးအကြိမ်
သူ့သဘောနဲ့သူ ရပ်လိုက်ခြင်းဖြစ်သည်။
တုကျဲ့ ခဏလောက်ကြောင်နေပြီးမှ..သူတို့တွေ
နောက်ဆုံးတော့ အလင်းတိုင်ဆီကို ရောက်လာပြီ
ဖြစ်ကြောင်း သိလိုက်ရသည်။
အလင်းတိုင်ကြီးဆီ ရောက်တဲ့တခဏမှာပဲ...
ကြီးမားတဲ့အလင်းနံရံကြီးက သူတို့အထက်မှာ
ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည် ။
လူးဝစ်ရဲ့မှော်ကျမ်းစာအုပ်အရ...ပျောက်ဆုံးနယ်မြေ
ရဲ့ ထွက်ပေါ်က အလင်းထဲမှာဖြစ်သည် ။
သေချာကြည့်လျှင် အလင်းနံရံက ကောင်းကင်ပေါ်
ထိုးတက်နေတဲ့ အလင်းပျောက်လေးများစွာနဲ့
ဖန်တီးထားတာဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။