"ဟမ် ငါမေးနေတယ်လေ...မင်းဘယ်သူလဲ ဘာကောင်လဲ ဘာလို့ ငါ့ကို လိုက်ပြီး နှောက်ယှက်ချင်နေရတာလဲကွာ..."

ဒီစကားတွေကိုပြောနေစဉ် ဟန်ဝေ့မျက်လုံးထဲတွင် မျက်ရည်အရိပ်အယောင်ကို မြင်လိုက်ရသည်။ဟန်ဝေ့လုပ်ရပ်တွေကို သူနားမလည်နိုင်တာတော့ သေချာသလောက်ရှိနေခဲ့လေပြီ။

"ဟန်ဝေ မင်းဘာလို့ ငိုနေရတာလည်း...ဘယ်သူမှလဲ မရှိတဲ့ဟာ...မင်း..."

"Noah.."

သူ့စကားကို ဂရုပင်မစိုက်တော့သောဟန်ဝေက  သူရင်းနှီးနေသည့်နာမည်တစ်ခုကို ရုတ်တရက်ရေရွတ်လိုက်တော့ သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ဒီနာမည်ကို ဟန်ဝေက ဘယ်လိုသိတာလဲ..။

“ဟန်ဝေ မင်း အဲ့ဒီနာမည်ကို ဘယ်လိုသိတာလဲ သူ့ကို သိတာလား ဟင် ...ငါ့ကိုပြောပါ ဟန်ဝေ”

ပခုံးကို ဆွဲခါရင်း မေးလေတော့မှ ဟန်ဝေက သူ့ထံအာရုံရောက်လာသည်။မျက်ဝန်းတွေနီရဲစပြုနေသည့် ဟန်ဝေက သူ့ကိုစိုက်ကြည့်ရင်း ဟက်ခနဲ့ရယ်လိုက်သည်။

“ဘယ်သူလဲ ဟုတ်လား..အဲ့တာမင်းအနောက်မှာရှိနေတဲ့ကောင်ကို ပြောတာလေကွာ သုတရာ ..မင်းအနားမှာတစ်ချိန်လုံးကပ်နေတာတောင် မင်းကဘယ်သူလဲလို့မေးနေတုန်းလား .. ဟင် ”

ဟန်ဝေ့စကားက သုတတစ်ကိုယ်လုံးကို  တောင့်တင်းသွားစေသည်။အလျင်အမြန် အနောက်လှည့်ကြည့်လိုက်သော်လည်း ဘယ်သူမှ ရှိမနေခဲ့ပါ။

Noah......သူမေ့ပျောက်လုလုပင်ဖြစ်နေသည့် နာမည်တစ်ခု...။ထိုစိတ္တဇနာမ်တစ်ခုက သူ့ဘဝထဲတွင် ခဏခဏပေါ်လာသလောက် ဘာမှမသိရလောက်အောင် လျို့ဝှက်လွန်းလှပေသည်။

သူ့ခေါင်းထဲတွင် မူးနောက်လာသလို  နှလုံးသားတစ်ခုလုံးကလည်း ရှုပ်ထွေးလာနေလေပြီ။
Noah ဆိုသည့်နာမည်တစ်ခုက သူ့နှလုံးသားကို  ဘာလို့နာကျင်စေနိုင်ရတာလဲ ...။သူလုံးဝမမှတ်မိနိုင်တော့သည့် အရာတစ်ခုက သူ့ဘဝမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေခဲ့တာလဲ..သူဘာမှမသိတော့ပါ  ။သူ့ကိုသူလည်း နားမလည်နိုင်တော့ပါ။

The last sunshine we touched [Completed]Where stories live. Discover now