Chanyeolက သူ့စကားကိုဆက်မပြောသေးဘဲ ပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ့ ညမြင်ကွင်းကို စက္ကန့်ပိုင်းလောက်ငေးကြည့်ပြီးကာမှ ကျနော့်ကို ပြန်ကြည့်လာပြီး...

"မင်းပြောတဲ့ ဘာမှအရေးမကြီးဘူးဆိုတဲ့ ကိစ္စလေးက ငါ့အတွက်အရမ်းအရေးကြီးနေလို့...။ညနေကကိစ္စကို ပြန်ပြောရမယ်ဆိုရင်....Baekhyuneeတခုခုအတွေးမှားသွားမှာ ငါကြောက်တယ်..။"

ဘာတွေစဉ်းစားနေပြန်ပြီလဲ ChanYeol...၊သူစကားပြောနေတာလေးကိုငါဖြတ်တားလိုက်မိတာနဲ့ အတွေးမှားမှာတဲ့လား...ဘာတွေကို တွေးကြောက်နေပြန်တာလဲကွာ...

"သူပြောတာကို နားထောင်ပေးချင်တဲ့သူ မရှိဘူး.. ၊ သူကလောကကြီးရဲ့ လူပိုတယောက် ၊ သူ့ကိုလိုအပ်တဲ့သူ တယောက်မှမရှိဘူး...အဲ့လို...အဲ့လို သင့်တင့်မှုမရှိတဲ့ အတွေးမှားတွေသူတွေးမှာ ငါကြောက်တယ်.."

တစ်ခါတစ်ခါတော့လည်း မျက်စိရှေ့က တစ်ဖက်သက်ချစ်သူကြီးကို ကျိုးချင်ကျိုးပါစေဆိုပြီး ထိုးသတ်ပစ်ချင်မိတယ်...။
အခုလိုအချိန်မျိုးမှာပေါ့....။

"မဖြစ်နိုင်တာတွေChanyeolရာ..."

"ငါစိတ်ပူလို့ပါ..သူအတွေးတွေမှားပြီး စိတ်ဓာတ်ကျသွားမှာ..ငါသေလောက်အောင်ကြောက်တယ်..."

"tsk...Depressionရဲ့ လက္ခဏာတွေကို မင်းသိလို့လား Park Chanyeol!!!"

"မင်းလည်းBaekhyuneeအကြောင်း သိလို့လား??!!!"

အရာရာကို အရှုံးပေးချင်နေတဲ့ပုံစံနဲ့ပြောလာတာကို ကျနော်အားမရလို့ အော်ဟစ်မေးလိုက်မိတော့..Chanyeol သူကပါ မယုံနိုင်အောင်ပဲ ကျနော့်ကို အော်မေးလာခဲ့တယ်...။

ကျနော်သိတဲ့ Park Chanyeolက တည်တည်ငြိမ်ငြိမ်နေတတ်တဲ့သူတယောက်လေ...။
အခုလိုမျိုး...အလွယ်တကူ ဒေါသထွက်တတ်တဲ့ပုံစံမျိုးမှ မဟုတ်တာ...။

Park Chanyeol..မင်းအခု အဲ့ကောင်လေးအတွက်နဲ့ စရိုက်ပြောင်းနေတာလား...

"နောက်မှဆက်ပြောကြရအောင် Chanyeol.."

လှိုက်တက်လာတဲ့ ဝမ်းနည်းမှုက ဒီစကားဝိုင်းကို ဆက်ပြောဖို့မဖြစ်နိုင်တော့တာကြောင့် စကားစဖြတ်ပြီး ကျနော်အခန်းအပြင်ထွက်သွားဖို့လုပ်လိုက်မိတယ်...။

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Unde poveștirile trăiesc. Descoperă acum