♥❿♥

11K 1K 25
                                    

((Zawgyi))

အိမ်ပြန်ဖို့ ကားပေါ်ရောက်နေတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက်စကားတောင်မစမိသေး...

ရုံးခန်းက အနမ်းတစ်ခုကြောင့် နှစ်ယောက်အလယ်မှာ အေးစက်မှုကနေရာယူသလို ကားထဲမှာလည်း တိတ်ဆိတ်မှုက နေရာယူထားလေသည်။

တစ်ယောက်နဲ့တစ်ယောက်နေရခက်မှုကြောင့် မျက်နှာချင်းလည်း မဆိုင်ရဲသလို စကားလည်းမပြောရဲ..

”အဟန့်...”

Chanyeol လုပ်ချောင်းတစ်ခုကို ဆိုးလိုက်ပြီး နေရခက်မှုကိုဖယ်ရှားလိုက်မိသည်။

သို့သော် baekhyun သည် မျက်နှာကို တစ်ဖက်မှန်ဖက်လှည့်ထားရာမှ ပြန်မလှည့်လာခဲ့...

သေချာတာကတော့ သူကိုယ်တိုင်သဘောတူပြီး လိုက်ပါစီးမျောခဲ့တဲ့ အနမ်းတစ်ခုအတွက်ရှက်နေဟန်....

”ကိုယ်...ဟိုဟာလေ....”

Chanyeol တစ်စုံတစ်ခုကို ပြောဟန်ပြုစဉ်တစ်ဖက်လှည့်လာတဲ့ hyun ကြောင့် နဂို အစရှာမရတဲ့ စကားဟာ ပြတ်တောက်သွားလေသည်။

တစ်ဖက်လှည့်လာတဲ့ hyunရဲ လက်နေတယ်လို့ ထင်ရတဲ့ မျက်ဝန်းတွေကြောင့်
မျက်လုံးချင်းမဆိုင်ရဲစွာ ရှေ့တည့်တည့်လှည့်လိုက်မိပြီး

”ဟိုဟာ ...ခါးပတ်မပတ်ဘူးလားလို့ ”

ပြောမဲ့စကားနဲ့မဆိုင်တဲ့ စကားတစ်ခွန်းကိုသာဆိုလိုက်မိသည်။

”ကိုယ်လုပ်ပေးမယ် ”

Baekhyun ခါးပတ်ကြိုးကိုဆွဲယူပြီးပတ်နေပေမဲ့ chanyeol ကသူလုပ်ပေးမယ်ဆိုကာ တစ်ဖက်က ကြိုးစကိုဆွဲလာသည်။

ထိုင်ခုံက အနည်းငယ်ကြွပြီး hyun ဘက်က ခါးပတ်ကိုဆွဲလိုက်တဲ့အချိန် သူနဲ့ hyun မျက်နှာကို 2 cm လောက်ပဲခြားတော့သည်၊
နေရခက်နေတဲ့hyun က မျက်လုံးချင်းမဆိုင်စေဘဲ ကားတွင်းဟိုကြည့်ဒီကြည့်နဲ့....

”ပြီးပြီ.....ဒါနဲ့ hyun ညနေစာအပြင်မှာစားသွားမလား ”

အပြင်ထွက်တောင့်ထွက်ခဲဆိုတော့ တစ်ခါတည်း nightout ထွက်ဖို့တွေးရင်း hyun ကိုပြောမိလိုက်သည်။
စိတ်ထဲကလည်း hyun မငြင်းပါစေနဲ့လို့တွေးရင်း....

♥Boss Baby♥ (( Completed ))Où les histoires vivent. Découvrez maintenant