Extra-1

10.8K 414 9
                                    

Zaw Gyi

နှိုင်းဝသုန်​​ကျောင်းထဲမှထွက်​လာ​တော့ကား​ဘေးနားမှာ
ရပ်​​စောင့်​​နေသည့်​သူ့ဒယ်ဒီ ဘုန်းခန့်မင်းကို​တွေ့လိုက်​ရတာမို့
လက်​ပြ​ပြီးအ​ပြေးသွားကပ်​လိုက်​၏.......

*ဟွန့်​ ကောင်မတွေ။ငါ့ဒယ်​ဒီကိုများ လိုက်​ကပ်​ရဲကြတယ်​!!!😡*

"ဒယ်​ဒီ သားဗိုက်​ဆာပြီ။စား​သောက်​ဆိုင်​တစ်​ခုခုကိုသွားပြီးစားကြရ​အောင်​!"

*မဖြစ်​ဘူ့း။ငါ့ဒယ်​ဒီကိုသူတို့​ဘေးနားကမြန်​မြန်​​ခေါ်ထုတ်​မှ။
ကြည့်​​နေလိုက်​ကြတာမျက်​လုံး​တွေထွက်​ကျလာဦး
မယ်​။ဟွန့်​။😒*

ဘုန်းခန့်မင်း နှိုင်းဝသုန်​ကို​စောင့်​ရန်​ကား​ဘေးနားမှာရပ်​တုန်းခဏပဲရှိ​သေး ၊
ကောင်​မ​လေး​တွေစုပြုံလာပြီးသူ့ကို လာငမ်း​နေတာ​မို့စိတ်​အ​နှောင့်​အယှက်
ဖြစ်​​နေတုန်း နှိုင်းဝသုန်​​ရောက်​လာပြီးသူ့ကိုဒယ်​ဒီလို့​ခေါ်ကာမျက်​နှာက
စိတ်​တို​နေသည့်​ပုံက​လေးနှင့်​စူပုတ်​​နေသည်​မို့
ချစ်ဖို့ကောင်းလိုက်တာလို့ တွေးမိသွားရတယ်။

သူ ချစ်​စနိုးနှင့်​​ ကလေးငယ်ရဲ့ခေါင်းလေးကိုလက်နဲ့အသာပုတ်ပြီးတော့

"အင်း သွားကြတာ​ပေါ့။"

ဘေးနားက ငေးကြည့်နေကြပါသော fujoshi တစ်​သိုက်ခမျာဝယ်

*သွားပြီ။ပုလင်းကွဲရှပြန်​ပြီ။😭ရပါတယ်​။ဖန်သားနန်းတော်ကြီးကို
တည်ဆောက်ထားတာဘဲဟာ။ဘာမှတ်​။😆*

စား​သောက်​ဆိုင်​​ရောက်​တဲ့အထိနှိုင်းဝသုန်​မျက်​နှာ​လေးက
စူပုတ်​​နေဆဲမို့ ဘုန်းခန့်မင်း ခမျာချော့ဖို့ပြင်​ဆင်​ရ​တော့သည်​။

"Baby ကလည်းကွာ။ကိုယ်​ကခဏပဲရပ်​​စောင့်​​နေတာပါ။
အဲ့​ကောင်​မ​လေး​တွေကသူ့အလိုလိုစုပြုံလာတာပါကွာ။
baby စားချင်​တာ၊သွားချင်​တာ​တွေလုပ်​​ပေးမယ်​​လေ။"

အဲ့​တော့မှနှိုင်းဝသုန်​မျက်​နှာစူပုတ်​ပုတ်​​လေးဖြစ်​​နေရာမှ
ပြန်​ပြုံးလာပြီး"တကယ်​​နော်​။"

ချစ်​ရပါ​သော က​လေးငယ်​[Complete]Where stories live. Discover now