တ​အောင့်​​လောက်​ကြာ​တော့ အခန်းတံခါးပွင့်​လာ
သည်

ပြီး​တော့ သူတို့​ရှေ့ကို ထွက်​လာတဲ့ဆရာဝန်​တစ်
ယောက်​~~~

"ဆရာ ကျမသား​လေး~သက်​သာတယ်​မလားဟင်​"

မျှော်​လင့်​တကြီး ​မေး​နေတဲ့ အန်​တီရွက်​၀ါ~~

"လူနာ​သေဆုံးချိန်​ ၁၀နာရီ ၄၅မိနစ်​"

"ရှင်​"

"ကျမ~~ကျမ~သား~သား​လေး"

ပြောပြီး ​မေ့လဲကျသွားတဲ့ အန်​တီရွက်​၀ါ~~

"အန်​တီ အန်​တီ သတိထားဦး​လေ"

သူ​ပြေးကာ ထူလိုက်​သည်

သူ့ရင်​ထဲလဲ ဟာခနဲ~~

သူ့ဘ၀ထဲက​နေ တစ်​စုံတစ်​ခုကို ဆွဲထုတ်​သွားသလို
ခံစားချက်​မျိုး~~

သူဘယ်​​တော့​မှ လင်း​လေးက သူတို့ထက်​အရင်
ထွက်​သွားမယ်​လို့ မ​မျှော်​လင့်​ခဲ့~~~

ဆန်းကြယ်​ပြီး ​ကြောက်​ဖို့​ကောင်းတဲ့ ​သေခြင်းတရား
~~~

*********

"လင်း​လေး!
လင်း​လေး!"

နားထဲမှာ ကြား​နေရတာက တစ်​စုံတစ်​​ယောက်​က
သူ့နာမည်​​ခေါ်​နေတဲ့အသံ~~

~~ဒီအသံ ကြားဖူး​နေသလိုပဲ~~

သူ​ရောက်​​နေတာက မြက်​ခင်းစိမ်းတစ်​ခု​ပေါ်မှာ
မှောက်​လျက်​သား​လေး~~~

သူအမြန်​ထပြီး ​ဘေးဘီကို ကြည့်​လိုက်​သည်​~~~

မြူလိုလိုဘာလိုလို အခိုး​ငွေ့​တွေက ​ဘေးဘီမှာ
ဖုံး​နေသည်​မို့ သဲသဲကွဲကွဲဘာကိုမှ မမြင်​ရ~~

ထိုစဉ်​ သူ့ဆီကို တစ်​လှမ်းချင်း​လျှောက်​လာတဲ့ 
ကောင်​​လေးတစ်​​ယောက်​~~

အနားနီးလာ​​တော့မှ မျက်​နှာကို ​သေချာမြင်​လိုက်​ရသည်​~~

"ဟမ်​ ကိုကို"

သေချာပါသည်​ သူငယ်​ငယ်​က အရမ်းခင်​တွယ်​ခဲ့ရတဲ့ ကိုကိုလင်းလက်​သူရ~~

ဟိုတစ်​ခါ​တွေ့တုန်းကလိုပဲ ကိုကိုက က​လေးတစ်
ယောက်​အရွယ်​ပင်​~~~

Butterfly(Completed)Where stories live. Discover now