Ch 1( Zawgi & Unicode)
Start from the beginning
ဟားဟား.
ရီရယ်ကျီချိုးရဲ့novelsတွေမှာ golden
fingersတွေ အများကြီးပါပေမယ့်လည်း
သူ့ရဲ့ဝတ္ထုတွေက ယုတ္တိမရှိတော့ မဖြစ်ဘူး။
သူတို့မှာ ခိုင်မာတဲ့ဇာတ်အိမ်
ရှေ့ပြေးနိမိတ်တွေနဲ့ မူလဇာတ်မြစ်တွေ ရှိတယ်.
ချီးကျူးဖို့ကောင်းတာကတော့ သူက
သောကောရောကောဖြစ်နေတဲ့
တခြားnovelတွေထဲက အကြောင်းအရာတွေကို
ပြန်မသုံးဘဲ နည်းနည်းပြောင်းလဲပစ်တယ် ပြီးတော့ သူ့ရဲ့
ကိုယ်ပိုင်ideaလေးတွေ ပေါင်းထည့်ပြီး ဖတ်ရတာကို
အသစ်အဆန်းဖြစ်စေတယ်။ရီရယ်ကျီချိုးရဲ့
"Infinite flow"5ခုကို တုကျဲ့ ရဲ့novel
ဖတ်တဲ့သတ်တမ်း4နှစ်လောက်မှာ ရှာတွေ့ခဲ့ပြီး
ချက်ချင်းပဲလေးစားသွားခဲ့တယ်။
အဲချိန်ကစပြီး ကမ္ဘာကြီးက
လမ်းသွားလမ်းလာတစ်ယောက် လျော့သွားခဲ့တယ်,
မင်း နားလည်လား။
ရီရယ်ကျီချိုးက အရမ်းကြီးအောင်မြင်နေတာ
မဟုတ်ပေမယ့်လည်း သူ့မှာfollowers
တစ်ထောင်ကျော်ရှိလို့ လူမသိတာလည်း မဟုတ်ပြန်ဘူး။
သူ့မှာ commentsတွေပေးပြီး သနားစရာ
ကောင်းအောင် အပိုင်းသစ်တွေနဲ့ နေ့တိုင်uးpdates
ပေးဖို့တောင်းဆိုနေကြတဲ့ readersတွေ အနည်းဆုံး
တစ်ရာကျော်ကတော့ ရှိစမြဲပင်။သူpostတင်တဲ့
scheduleကလည်း ပုံမှန်ပဲဖြစ်သည်။
ရီရယ်ကျီချိုးက အပိုင်းသစ်တင်ပြီးတော့
မကြာခင်မှာ ပထမဆုံးစာမျက်နှာက comments
တွေကိုပဲကွက်ပြီး replyပြန်တဲ့ အကျင့်ဆိုးရှိသည်။
နောက်ဆုံး မျက်နှာရောက်သွားရှာတဲ့
commentsတွေကျတော့ ဘာသွားလုပ်ရမှာလဲ။
စားပစ်ရမှာလား။
သူ့ရဲ့commentsတွေ အမြဲလျစ်လျူရှုခံရတာကို
စိတ်ကုန်ပြီး anti-fanဖြစ်သွားခဲ့တဲ့ fanတစ်ယောက်
ရှိခဲ့သည်ကိုတော့ author မသိခဲ့ပေ။ တုကျဲ့ 
အတွက် သူ့လုပ်ရပ်ကိုသူပင် နားလည်ဖို့ခက်ခဲသည်။
ရီရယ်ကျီချိုးရေးတဲ့ စာမျက်နှာအရွက်တိုင်းကို
သူအရမ်းကို ချစ်ခင်မြတ်နိုးသည်။စာကြောင်းတိုင်းက သူ့အတွက် ချစ်ခင်စဖွယ်ဖြစ်ပြီး ...ဝတ္ထုတိုင်းက
သူ့ကိုကလိကလိဖြစ်စေပြီး...သူ့ကိုtrollခြင်းပင်
ရပ်ပစ်ချင်စိတ်ပေါက်စေသည် ဒါပေမယ့်သူ့ကိုသူ
မထိန်းချုပ်နိုင်ပေ။
"black powder"fan
တစ်ယောက်အနေနဲ့ တုကျဲ့ မှာတင်းကြပ်တဲ့
စံနှုန်းသတ်မှတ်ချက်တွေရှိသည်။အပိုင်းတိုင်းကို
သူကြယ်တစ်ပွင့်သာrateပေးပြီး ပက်ပက်စက်စက်
ဝေဖန်သည်။သူauthorရဲ့အလုပ်ကို စော်ကားပြောဆိုတဲ့အချိန်တိုင်း တုကျဲ့ စိတ်ထဲမှာ မချိတင်ကဲဖြစ်ရပြီး...
မိုက်မဲသောတုကျဲ့ လေးဟာ နောက်တစ်ရက်...
usernameချိန်းပြီး novelရဲ့ pageမှာ commentထပ်မရေးခင် သူ့ကိုသူတိတ်တဆိတ်..
အပြစ်ပေးလေ့ရှိသည်။