Ch 1( Zawgi & Unicode)
Start from the beginning
အစကတော့, တုကျဲ့ လည်း သူ့idolကို
ချီးမွန်းခန်းတွေ တောင်ပုံရာပုံဖွင့်ခဲ့ဖူးတယ်...သူ့ရင်ထဲက
အချစ်တွေအားလုံးကို ဆွဲထုတ်ပြီး authorအရှေ့မှာ
ပုံပေးချင်ခဲ့တယ်။ဒါပေမယ့် အဲတာ အလုပ်မဖြစ်ခဲ့ပါဘူး
သူ့ရဲ့ commentsတွေက စိတ်အားထက်သန်နေတဲ့
fanအုပ်စုကြီးရဲ့ feedbackတွေကြားမှာ
နစ်မြုပ်လို့သွားခဲ့ရတယ်...သူ့idolက Weiboရော
QQရော မသုံးဘူး.Web novel'ရဲ့ စာမျက်နှာမှာသာ
commentsတွေ ရေးလေ့ရှိသည်.Fanတွေက
အမြဲတမ်းအဲမှာ postတွေတင်ကြပြီး တုကျဲ့ ရဲ့
အားထုတ်မှုလေးတွေကတော့ အမြဲလျစ်လျူရှူခံရသည်။
တုကျဲ့ ရုတ်တရက်ဆိုသလို ယောက်ျားကောင်းတွေက အချိန်ယူပြီးလုပ်တယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုကို
သွားသတိရလိုက်မိသည်။ကောင်းတဲ့fanတွေက
authorရဲ့ စိတ်ဝင်စားမှုကို ဘယ်တော့မှမရဘူးဆိုတာ
သူနားလည်သွားပြီး တုကျဲ့ တစ်ယောက် anti-fan
စလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ကဲအခု တုကျဲ့ မျက်စိကျနေတဲ့ ကံမကောင်းသူလေး
ရီရယ်ကျီချိုးအကြောင်း ပြောကြတာပေါ့။
Internetရဲ့ အခြေချနေထိုင်သူ ,တုကျဲ့ ဟာ သူ့ရဲ့
အချစ်စစ် YY novel author ရီရယ်ကျီချိုးကို
ရှာတွေ့သွားခဲ့တယ်၊သူရဲ့မိသားစုနာမည်ကချိုးဖြစ်ပြီး
သူ့ကလောင်နာမည်ကတော့ "သူရေးထားတဲ့
စာမျက်နှာတွေတိုင်းကနေ သူ့ကိုသူရှာဖွေတယ်...
ဟားဟား "။အဲတာ authorရဲ့ တိကျတဲ့စကားနှစ်ခွန်းပဲ။
ဆိုရရင်တော့ အဲဒီ "ဟားဟား"ဆိုတဲ့ စကားနှစ်ခွန်းရဲ့
နောက်မှာ အားပေးနေတဲ့fanအုပ်စုကြီးရှိတယ်.
ရီရယ်ကျီချိုးရဲ့ စာရေးstyleကို ပြောရမယ်ဆိုရင်
harem အုပ်စုကြီး, ဘာလုပ်လုပ် အောင်မြင်တဲ့သူ(Golden finger),ကမ္ဘာကြီးကို
လွှမ်းမိုးချုပ်ကိုင်မယ် ဒါမှမဟုတ် လောကကြီးကို
အုပ်ချုပ်မယ် အဲလိုတွေ မပါဘူးဆိုရင်Marty
Sueလို့ ခေါ်တယ်။
(Author's note:စာကြွင်း.Marty Sueက
ဘာကိုဆိုလိုလဲဆိုတာ သိချင်ရင် Baiduမှာ
ရှာကြည့်ပါတဲ့.Scarletလည်း ဘာကိုပြောမှန်း
နားမလည်လို့ ဒီတိုင်းပဲ ပြန်ရေးပေးလိုက်ပါတယ်)
ဒီလိုဆိုရင်တော့ရီရယ်ကျီချိုးဘယ်လိုပုံစံနဲ့
စာရေးလဲဆိုတာ....သူကဘယ်လိုလူမျိုးလဲ ဆိုတာ
စဉ်းစားကြည့်လို့ရပြီ။