"အမ်''

"အဟမ်း.......ငါ....ငါတို့ကလိင်တူချင်းကြိုက်နေကြတာ''

Baekhyunတို့ ပါးစပ်လေးတောင်ဟသွားသည်အထိ အံ့သြသွားရသည်။

"မင်းလန့်သွားတာလား baekhyun''

"မဟုတ်ဘူး အံ့သြသွားတာ......လိင်တူချင်းချစ်ကြိုက်လို့ရတယ်ဆိုတာငါမသိခဲ့ရိုး''

"အင်း နားလည်ပါတယ်......ဒါပေမဲ့ အချစ်ဆိုတာ စိတ္တဇနာမ်တစ်ခုလေ ကိုင်တွယ်လို့လဲမရသလို ထိတွေ့လို့လဲမရဘူး သူကခံစားချက်တစ်ခုကနေပေါက်ဖွားလာတာ''

"မင်း Eriကိုချစ်တုန်းက အဲ့အချစ်ဆိုတာကြီးကို ကိုင်တွယ်ပြလို့ရလို့လား သူ့ကိုမြင်မြင်ချင်း အချစ်ဆိုတာကြီးကိုခံစားရပြီး ချစ်သွားခဲ့တာမလား''

"အင်း.......အချစ်ဆိုတာ လူမျိုး အသားအရည် လိင် တစ်ခုနဲ့မှမသက်ဆိုင်ဘူး လူတစ်ယောက်ကိုလူတစ်ယောက်ကချစ်တာနဲ့ဘဲဆိုင်တာလေ''

"Appa......''

"သားပြန်လာပြီလား''

ဆက်မပြောတော့နဲ့ဆိုတဲ့အကြည့်နဲ့ကြည့်ကာ baekhyun တစ်ယောက်သူ၏သားရှိရာသို့သွားလိုက်သည်။

"သားမျက်နှာတွေလဲရဲလို့ နေအရမ်းမကောင်းဖြစ်နေတာလား''

နှဖူးကိုလာစမ်းသောလက်တို့ကို လိမ်ညာသည့်သူပီပီရှောင်ဖယ်လိုက်သည်။ အမှန်တယ်ကျနော်နေမကောင်းမဖြစ်ပါ ဦးရဲ့အနမ်းတွေအောက် သာယာညည်းညူနေသံ appaကြားသွားခြင်းကြောင့် လိမ်ညာမိလိုက်ခြင်းသာ။

"ဟင်......''

ရှောင်ဖယ်သွားသော သားကြောင့် ရင်ထဲစိတ်မကောင်းဖြစ်မိရသည်။ဘာလို့ကျနော့်အားရှောင်လိုက်သနည်း။

"Appa.....အဖျား.....ကူး....ကူးမှာကြောက်လို့ပါ''

"Arrr.......''

"Xiuတို့ရောက်နေကြတာလား''

"Chanyeol မင်းဘယ်တုန်းထဲကရောက်နေတာလဲ''

"ကလေးနဲ့အတူတူပြန်လာတာလေ မင်းမမြင်ဘူးလား''

"အင်း.......ငါသားကိုစိတ်ပူနေတာနဲ့မမြင်လိုက်တာ ဘယ်လိုလုပ်ပြီးအတူတူပြန်လာကြတာလဲ''

"ဒါ.....ဒါ.....ဦးနဲ့....လမ်းမှာတွေ့လို့ လိုက်လာတာ''

"Awwww....... အပေါ်တတ်ပြီးနားတော့လေ''

"ဟုတ် appa''

"Xiuတို့နဲ့မိတ်မဆက်ပေးတော့ဘူးလား baek''

"Arrrr နောက်မှပေါ့......မင်းတို့လဲရောက်နေတာကြာပြီမလား ပြန်တော့လေ......Chanyeol မင်းကရောဘာကိစ္စရှိလို့လဲ''

"ဒီတိုင်းလမ်းကြုံလို့ပါ''

"ကိစ္စမရှိရင်ပြန်တော့လေ ငါသိပ်နေလို့မကောင်းဖြစ်နေလို့''

"သြော် အေးအေး''

Xiuchenရော baekတို့မျက်နှာမကောင်းတာကြောင့် ကလေးလေးကိုဒီ့ထက်တွေ့ချင်ပေမဲ့နှုတ်ဆက်ကာပြန်လာလိုက်လေသည်။

"Eriရေ......eriသိလား ဒီနေ့ကိုယ် xiuတို့စကားကြားပြီး သိပ်အံ့သြသွားခဲ့တာ....... Chenက Xiuကိုကြည့်တဲ့အကြည့်မျိုး ကိုသားနဲ့ chanyeolတို့ဆီမှာတွေ့ရဖူးတယ်''

"အစကတော့ chanကသားအပေါ်သူငယ်ချင်းရဲ့သားတစ်ယောက်လို အရမ်းချစ်လို့ကြည့်တယ်လို့ထင်ခဲ့တာ ဒါပေမဲ့ဒီနေ့ chenတို့လိင်တူချင်းကြိုက်နေပါတယ်လို့ပြောလာတော့ ကိုယ်အရမ်းစိုးရိမ်သွားမိတယ်။''

"ကိုယ် အတ္တကြီးတယ် eri ကိုယ်တို့ရဲ့သွေးသားကို သဘာဝဆန့်ကျင်တဲ့အချစ်မျိုးကြောင့်ပတ်ဝန်းကျင်ကလှောင်ပြောင်သရော်မှာ ကိုကြောက်တယ်။''

"မိတဆိုးလေးဖြစ်တဲ့သားလေးကို လူအများသတွေးခွက်ထဲပလက်မျောနေမဲ့အဖြစ်မျိုးကိုယ်အဖြစ်မခံနိုင်ဘူး ''

"Eri..... eriသာအခုချိန်ကိုယ်တို့နားမှာရှိနေမယ်ဆိုရင်ရော eriဘယ်လိုဆုံးဖြတ်မှာလဲ eriလဲကိုယ့်လိုဖြစ်နေမယ်မလား''

.......................
ငယ်လေးယုတ်မာပါပြီနော်😪😪😪

happy full moonday 🌕🎆🎆🎆

ငယ်လေးထက်ကြီးတဲ့ ရီရီလေးတွေကိုငယ်လေးကန်တော့ပါတယ်နော် 😁😁မုန့်ဖိုးပေးဘာ😳😳 ငယ်လေးက 2001 bornလေးပါလို့

U & Kalay (Complete)Where stories live. Discover now