“မသွားဘူး မနက်ကျမှ ကြည့်လုပ်လိုက်မယ်.”

Singto အသာလွှတ်ပေးသည်နှင့်ကြုံသောကြောင့် Krist လက်ကို ရုန်းထွက်လိုက်သည်.။

“မရဘူး ခု သွားရမယ်.~~”

“မသွားဘူး..မသွားချင်ဘူးဆို ခင်ဗျားကဘာမို့လို့ အမိန့်လာပေးနေတာလဲ.”

ကျယ်လောင်လာသောအသံနှင့်အတူ Krist မျက်ဝန်းမှ မျက်ရည်စတို့ကိုမြင်တော့ Singto ထိတ်လန့်သွားသည်.။ပြီးမှ သက်ပြင်းဖွဖွချကာ--

“မဆိုးပါနဲ့ Krist ရယ်.မင်း ခု အရမ်းနာနေတယ်မလား .နော်~~ ”

အချော့ခံရသောကလေးသည် အမှန်တကယ်ပင် ပိုငိုတတ်သည်ပင်.။ မည်သူ့အပေါ်ကိုမှ ချော့ချော့မော့မော့ပြောသည်ကို မမြင်ဖူးခဲ့သော Singto က ခုလိုပြောလာတော့ Krist ထိန်းထားသည့် မျက်ရည်စတို့ပြန်ကျလာပြန်သည်.။
အသံတိတ်မျက်ရည်ကျနေသူကိုမြင်ရတာ အဘယ်သို့သော် တွန်းအားကြောင့်မှန်းမသိ. Krist ပုခုံးမှ ကိုင်ကာ ရင်ခွင်ထဲ အသာဆွဲသွင်းထားလိုက်သည်.။ တစ်ခါမှ မထွေးပွေ့ဖူးသော ကိုယ်လုံးလေးက နွေးထွေးလှပေစ..။

“ဖယ်စမ်းပါ..”

အမှန်တော့ စကားအဖြစ်သာပြောသည်သာ.။ Krist သည် အားမပါသောရုန်းကန်မှုလေးသာပြုလုပ်သည်.။ Singto ခပ်ဖွဖွပြုံးမိပါ၏။

“ခု ကိုယ်တို့က သမီးရည်းစားတွေလိုစိတ်ကောက်နေတာလား ??”

“ခင်ဗျား ရဲ့ရည်းစားက ကျွန်တော်မှ မဟုတ်တာ.။ ခင်ဗျားသိပ်ကိုစိုးရိမ်တန်ဖိုးထားရတဲ့ Nuyen လေ.”

“သူ သွေးထွက်လွန်မှာစိုးလို့ ဆေးရုံအရင်ပို့ပေးခဲ့တာပါ..။”

Krist က သူ့ထံမှ ရုန်းထွက်လိုက်သည်.။ခုထိ သူတို့နှစ်ယောက် အခန်းအလယ်မှာ မတ်တပ်ရပ်လျက်သား.။

“ထားပါ…ကျွန်တော့်ဘာသာဆေးရုံသွားလိုက်မယ်.”

“ကိုယ် မင်းကိုပြန်လာရှာခဲ့တယ်.”

သူ့ကိုကျောခိုင်းကာ တံခါးပေါက်ကိုလျှောက်လှမ်းနေသည့် Krist ၏ ခြေလှမ်းတို့တုန့်သွား၇သည်.။

“အနီးဆုံး ဆေးရုံကို ပို့ပြီးပြီးချင်း ကိုယ် မင်းဆီပြန်လာခဲ့တယ်.မတွေ့လို့အိမ်ထိပြန်လာတာ.။ခုပဲ နောက်တစ်ခေါက်ပြန်ရှာမလို့ပါ.။”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now