ကောင်​​လေး​ဘေးတွင်​အသာဝင်​လှဲ​လိုက်​ရင်း အိပ်​စက်​​နေသည့်​​ကောင်​​လေးအား ရင်​ခွင်​ထဲထည့်​၍ ခပ်​တင်းတင်းဖက်​တွယ်​လိုက်​မိသည်​။

"အရမ်းလွမ်းတယ်​ Byun Baek Hyun"

ကျွန်​​တော်​ကိုယ်​​တိုင်​မသိလိုက်​ခင်​​အချိန်​တို​လေး တစ်​ခုမှာပဲ မျက်​၀န်းအိမ်​ထဲမှ မျက်​ရည်​ဥ​လေး​တွေက​တော့ဖြင့်​ ​ကောင်​​လေး၏ ဆံနွယ်​နုနုထပ်​တွင်​ခစားလို့​နေခဲ့​လေပြီ။

လွမ်းတာထက်​ပို​နေတာလဲဖြစ်​နို်​င်​တယ်​ ​ကောင်​​လေး။

"Byun Baek Hyun ကိုယ်​​မင်းကိုအမိန့်​​ပေးမယ်​ အကြာကြီးမအိပ်​စက်​လိုက်​ပါနဲ့ မင်းက အိပ်​စက်​​နေတာနဲ့မလိုက်​ဖက်​ဘူး တက်​တက်​ကြွကြွနဲ့ နိုးထ​နေတာနဲ့ပဲလိုက်​ဖက်​တယ်​ကွာ ဒါ​ကြောင့်​ မင်းကိုနိုးထလာဖို့ ကိုယ်​အမိန့်​​ပေးလိုက်​တယ်​ Byun Baek Hyun"

အတ္တ​တွေအပြည့်​နဲ့ကျွန်​​တော့ရဲ့အမိန့်​ကို သူတစ်​​နေရာရာက​နေ ကြားနိုင်​​ကောင်းပါရဲ့။

တသွင်​သွင်​ စီးဆင်း​နေတဲ့ မျက်​ရည်​စ​တွေကိုမျက်​ကွယ်​ပြုရင်း ရင်​ခွင်​ထဲက ​ကောင်​​လေး၏ နှာဖူးပြင်​ကို တရှိုက်​မက်​မက်​ မြတ်​နိုးစွာ နမ်းရှိုက်​လိုက်​သည်​။

ကောင်​​လေး မင်းကိုငါမချစ်​ဘူး။

ဟုတ်​တယ်​ မင်းကိုငါမချစ်​ဘူး။

ဒါ​ပေမယ့်​ မင်းမရှိပဲ ငါရှင်​သန်​ဖို့ ခက်​ခဲလွန်း​နေပြီ။

မင်းပြန်​နိုးထသင့်​ပါပြီကွာ။

(PCY Ssi ချစ်​ရဲ့သားနဲ့လိမ်​​နေတယ်​​နော်​😒)

>>>>

မှေးခနဲအိပ်​​ပျော်​သွားခဲ့သည်​။

ပြန်​နိုးထချိန်​အထိ ရင်​ခွင်​ထဲက ​ကောင်​​လေးက​တော့ မလှုပ်​မယှက်​ငြိမ်​သက်​လို့​နေဆဲပါ။

ကောင်​​လေး ကျွန်​​တော့ အမိန့်​ကို မနာခံ​တော့ဘူးပဲ။

ဟင့်​အင်း ​ကောင်​​လေး မင်းကိုယ့်​အမိန့်​ကိုနာခံမှရမယ်​။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now