"ကျောင်းဖွင့်တော့မယ်နော် "
"အင်း "
"ခုတလော မင်းဘာဖြစ်နေတာလဲ "
"ဘာဖြစ်လို့လဲ "
"အခုမှ နာမည်နဲ့ လိုက်နေတယ် မှိုင်း "
မှိုင်း ဆိုသော သူငယ်ချင်းလေးနှင့် ခင်ခဲ့သည်မှာ တက္ကသိုလ် စတက် ကတည်းက ။ အမြဲတမ်း တတ်ကြွ လန်းဆန်းနေပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပျော်ပျော်နေတတ်သူ ။ ခုတလောတော့ တမှိုင်မှိုင် တထွေထွေဖြင့် ။
"ဘာမှ မဖြစ်ပါဘူး "
"မင်းအသည်းကွဲနေတာလား "
"ပေါက်တကရတွေ ! "
"မင်းကောင်မလေး သူများနောက် ပါသွားလို့လား "
"ငါ့မှာ ဘယ်က ကောင်မလေး ရှိလို့လဲ "
"ဒါလည်း ဟုတ်တာဘဲ "
ကျွန်တော့်ပုံစံက အဲ့လောက်တောင် သိသာသွားသည်လား ။ အသည်းကွဲတယ် ပြောရအောင်လည်း ချစ်သူမရှိ ။ ကိုယ်တိုင်တောင် ဘာဖြစ်နေမှန်းမသိ ။
ဒီအတိုင်း ...ရှင်သန်ရင်းဖြင့် ဘဝကြီးက ပျော်စရာတွေ ပျောက်ဆုံးနေသလိုမျိုး ။
"ငရဲ "
ရဲရင့် ဆိုသော သူငယ်ချင်း နာမည်ကိုပင် စနောက်ကာ ငရဲလို့ နာမည်ပြောင် ပေးထားသည့် ကျွန်တော်ပါ ။
"ပြော "
"လူတစ်ယောက်ကို သတိရနေမိတာ ဘာလို့လဲ "
"ဘယ်သိမလဲ "
"သုံးစားလို့ကို မရဘူး ! "
"ဟောဗျာ ငါမှ မသိတာကို "
"ဟင်း ...."
သက်ပြင်းချပြီး ဖုန်းကို data ဖွင့်ထား လိုက်သည် ။
"နေပါဦး မှိုင်း ... မင်းဘာတွေဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဘူး "
"မပြောနေကွာ ငါအပြင်သွားဦးမယ် "
"သွား ! ပြန်ကိုမလာနဲ့ "
"မလာဘူး "
ငရဲ ထွက်သွားတော့လည်း အဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည် ။ စာရေးချင်စိတ်လည်း မရှိတာမို့ online သုံးရင်း ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည် ။
နောက်တော့ မီးစိမ်းလေး လင်းနေသည့် acc တစ်ခုကို စကား သွားပြောဖြစ်သည် ။
![](https://img.wattpad.com/cover/161091837-288-k970933.jpg)
Ep _ 4
ابدأ من البداية