သူ့လို ကံဆိုးတဲ့သားကို ရရ်ှိခဲ့သော မိခင်ကို ဘဝတစ်လျှောက်လုံး အားနာခဲ့ရသည်။ သူဘယ်လို ဘဝရောက်မယ်ဆ်ိုတာ သိပြီးမှ လူ့ဘဝကို လာခဲ့ပေမယ့် သူဘယ်လိုမိသားစုနှင့်တွေ့မည်ဆိုသည်ကိုတော့ ကြိုမသိခဲ့။

သည်းခံနိုင်စွမ်းရှိပြီး ကြင်နာသော မိခင်ကို သူအလွန်ချစ်သည်။ သူ့လိုအသုံးမကျသော သားမျိုးကို စွန့်ပစ်ပြီး နောက်ယောကျင်္ားမယူပဲ မုဆိုးမအဖြစ်နှင့် အဝတ်လျှော်ကျွေး ကျောင်းထားပေးနေသော မိခင်အား သူအလွန် မြတ်နိုးသည်။ သနားသည်။ ကျေးဇူးဆပ်ချင်သည်။

📱ကျွန်တော့်အမေကို အဝတ်လျှော်သည်ကနေ ပြောင်းပေးပါ 📱

📱ကောင်းပြီလေ ဒါပေမယ့် တစ်ခုတော့ ရှ်ိတယ် မင်းအမေက ပညာမတတ်တော့ ဒီလိုအလုပ်နဲ့ဆင်တူတဲ့ အလုပ်မျိုးပဲရလိမ့်မယ် 📱

📱 အနည်းဆုံးတော့ မားကို မပင်ပန်းအောင်လုပ်ပေးပါ 📱

Okay ဆိုသော Reply ကိုကြည့်ပြီး Winwin မျက်ဝန်းထက် အပြုံးရိပ်သန်းသွားသည်။

အနီရောင်ပေါ်တွင် လက်မှအဖြူရောင်အစင်းကြောင်းတစ်ခုရှိနေပြီး ကျောနောက်တွင် No.7 ဆိုသည့် Nakamoto Yuta သည် ထိုအားကစားဝတ်စုံနှင့် လိုက်ဖက်စွာ ကွင်းထဲတွင် လှည့်ပတ်ပြေးကစားနေသည်။

Winwin ပြုံးကာ မျက်တောင်မခတ် ကြည့်မိသည်။

"ဘာလုပ်နေတာလဲ.."

Kun.

ကျောင်း Uniform ကိုအပေါ်မှ ကြယ်သီးနှစ်လုံး ဖြုတ်ကာ ဖြူဝင်းသည့် ရင်ဘတ်ကိုဖော်ထား၍ ပီကေဝါးနေသော Kun သည် Winwin နား ဖိတ်မခေါ်ပဲ ရောက်လာသည်။

Yuta ကိုငေးနေမှန်း သတိထားမိသည့် Kun သည် အနောက်မှ ခြေသံမကြားအောင် တမင်လာပြီး ရုတ်တရက် မေးလိုက်ခြင်းဖြစ်သည်။

"ဘာမှမလုပ်ပါဘူး.."

လိမ်ညာလိုက်သောလေသံမှာ မပီပြင်။ မျက်နှာထက်တွင် ထင်းနေသည်။ အလွန်အမင်း ပျက်နေသော မျက်နှာ။

အခုတလော Yuta နှင့် Kun သိပ်မရင်းနှီးတော့သည်ကို သတိထားမိသည်။ အရင်လို ကျောင်းဆင်းတိုင်း အတူမပြန်တတ်တော့ပဲ စကားနည်းလာကြသည်ကိုလည်း သတိထားမိသည်။ အကြောင်းပြချက်ကို မသိသော်ငြား သိချင်စိတ်ပြင်းပြနေသည်။

သို့သော် မမေးခဲ့။ ဘယ်တော့မှလည်း မေးမှာ မဟုတ်။

Dice ကိစ္စဖြစ်ပြီးနောက် Kun နှင့် စကားပြောရန် ဝန်လေးလာတော့သည်။ မပေးလိုသော ပစ္စည်းတစ်ခုကို လုယူထားရသောကြောင့် မျက်နှာပူနေခဲ့သည်။

"Yuta gege ကအရမ်းမိုက်တယ်နော် သူ ကစားတာ အရမ်းတော်တာပဲ.."

ခနဲ့တဲ့တဲ့ပြောနေသော Kun စကားများကို မကြားချင်၍ အိမ်သာသို့ ရှောင်ထွက်လာခဲ့သည်။

"နင်သူ့ကို မျှော်လင့်မနေနဲ့ သူ့မှာ ကြိုက်နေတဲ့သူရှိတယ်တဲ့.."

မိန်းကလေးအိမ်သာကို ဖြတ်ကျော်ပြီး ယောကျင်္ားလေးအိမ်သာသို့ ဝင်ရန်ပြင်နေသောအချိန်တွင် အိမ်သာရှေ့မှ အတန်းကြီး မိန်းကလေးများထံမှ စကားတချို့အား ကြားလိုက်ရသည်။

Yuta အတန်းမှ မိန်းကလေးများ။

"ဟုတ်လို့လား နင်ဘယ်ကကြားတာလဲ..."

"နင်ကလည်း ငါ့အကြောင်းမသိတာလည်း မဟုတ်ဘူး... ငါအကုန်စုံစမ်းနိုင်တယ်....Yuta အကြောင်းလောက်ကတော့ အပျော့ပဲ..."

ဥပေက္ခာပြု၍ အိမ်သာသို့ဆက်လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်စေလိုက်သည်မှာ Yuta ဆိုသော နာမည်ပင်။

"သူ့မှာ သူကြိုက်နေတဲ့သူရှိတယ် သူကဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး သူ့တစ်ယောက်တည်းကိုပဲ ချစ်တာတဲ့... ကဲ.. အခုတော့ နင်ဘာတတ်နိုုင်သေးလဲ လက်လျှော့လိုက်ပါတော့ဟာ.... Yuta ကိုရနိုင်တဲ့သူ ဘယ်သူမှမရှိဘူး...."

ကြားလိုက်ရသော စကားများသည် ဒီဘက်နားမှ ဟိုဘက်နားသို့ ထွက်သွားသည်မဟုတ်။ တစ်ဖက်နားမှ တစ်ဖက်သို့ ရေပြင်ကျယ်လို ကူးခတ်နေပြီး နှလုံးသားအတွင်းတစ်နေရာသို့ တစ်ဖြည်းဖြည်းစ်ိမ့်ဝင်သွားသည်။ အဆိပ်ရည်များလောင်းချခံလိုက်ရသလို ဘယ်ဘတ်ရင်အုံတစ်ခုလုံး ပူလောင်လာသည်။

ခြေထောက်များပင် မခိုင်ခံ့တော့။ ဆက်တောင် မရပ်ချင်တော့လောက်အောင် ယိုင်နဲ့လာသည်။ ဘေးမှ နံရံကို လက်ထောက်ကာ အားတင်းထားရသည်။

သူ့မှာ ကြိုက်နေတဲ့သူ ရှိတယ်........ ဆိုသော စကားသည် နားထဲ ပဲ့တင်ထပ်နေသည်။ နှလုံးသားသို့ပေးပို့နေပြီး နာကျင်လာရသည်။ သို့သော် သူလက်မလျှော့ချင်။ လက်မလျှော့ချင်တာထက် လက်မလျှော့နိုင်။ Yuta ကိုသူလက်မလွှတ်လိုက်နိုင်။

အနည်းဆုံးတော့....

ထိုလူကို သူသိချင်သည်။



###
TBC
•update every Wednesday•

DICE Where stories live. Discover now