"ကဲ..ကိုကို....အရင်သွားတိုက်.....ပြီးမှပြောမယ်....ကျွန်တော်အပြင်မှာစောင့်နေမယ်။ မြန်မြန်လုပ်နော်..အအေးပတ်မယ်"

"အေး...ငါပဲကလေး...မင်းကလူကြီး"

ရွဲ့ပြောတော့ နှာထိပ်ကိုဖွဖွဆွဲညစ်၏။

"အသည်းယားအောင်..."

"သွားမှာဆို...? သွားတော့လေ..ထွက်တော့! '

"OkOk........."

စူပွပွကောက်ထစ်ထစ်ပန်းပုရုပ်ကလေးကို ရေချိုးခန်းမှာချထားခဲ့ရပေမဲ့ စိတ်ကမဖြောင့်။

Oh Sehun တို့ စိတ္တဇများဖြစ်နေသလားပဲ။ ဒါလေးကိုနေရာတကာ ဥစ္စာခြောက်နေရတာနဲ့ပဲ မြင်သမျှလူ အမြင်ကတ်တဲ့ဘွဲ့ကို ကျေကျေနပ်နပ်ကြီးခံယူနေရသည်။ မတတ်နိုင်.....တစ်သက်မှာ ဒီတစ်ယောက်တည်း ချစ်ဖူးတာကြောင့် အသည်းဦးမို့ အချစ်ပိုရသလို အချစ်ဆုံးမို့လည်း ရင်နှင့်အမျှ မြတ်နိုးသည်။ ဖြစ်နိုင်ရင် ဒီသံသရာကနေ ကိုကိုမပါပဲ မလွတ်မြောက်ချင်။

ကျောင်းသွားဖို့ ဝတ်စုံကို စိတ်တိုင်းကျ ရွေးပေးနေရင်း သူတို့အဖြစ်ကိုတွေးမိတော့ တစ်ယောက်တည်းရှက်စနိုးရယ်မိပြန်၏။

ကိုကို့အတွက်သူက ကလေးထိန်းနာနီလိုပင်ဖြစ်နေသည့်ပုံ။ အင်း.....ချစ်တော့လဲ......

"Sehunnie........ရေ......"

"အဝတ်ထုတ်ထားပြီကိုကို......ဒါနဲ့ ကျွန်တော်ဆွဲထားတဲ့ လက်ပတ်ဒီဇိုင်းတွေတွေ့မိသေးလား.."

"ဧည့်ခန်းက ဗီရိုအောက်ဆုံးထပ်မှာ......မင်း ဒီအတိုင်းထားတာတွေ့တာနဲ့ ငါသိမ်းထားတာ။"

"ခေါင်းတွေပါလျှော်လာတာလား...ပြောင်အောင်သုတ်ဦးနော်.."

ပြောလို့မဆုံးခင် ကိုကိုက ခေါင်းထိုးပေးသည်။

ကျွန်တော်တို့အိမ်သေးသေးမှာ Dryer ရှိပေမဲ့ ဘယ်တော့မှမသုံးဖြစ်။ ကိုကို့ဆံပင် အညိုသားကို တဘက် ပွဖြင့် ပွတ်သုတ်ကာ ရင်ခွင်ထဲ ကိုကို့ကို ထွေးပွေ့ထားရသည့် အချိန်တွေကို သူလည်းကြိုက်သလို ကိုကိုလည်းနှစ်သက်သည်။ ဒါက ချစ်ခြင်းမေတ္တာကို နောက်တစ်မျိုးခံစားရသည့် နည်းပါပဲ။ ခင်များတို့မှာ ချစ်သူမရှိသေးသရွေ့တော့ ဒီလိုအရသာ ဒီလိုယုယမှုမျိုးခံစားဖူးမှာမဟုတ်။ (A.N 😒)

Shuu!(COMPLETED)Where stories live. Discover now