"Baekhyun မင်းကို Chanyeolက ကြိုက်လို့တဲ့''

Sehunက မုန့်ပလုတ်ပလောင်း စားရင်း ပြောလာတာမလို့ Baekhyun သေချာ မကြားလိုက်...Sehunကလည်း ကျောင်းပြောင်းတစ်ယောက်ပါ ကျောင်းသားအသစ်ချင်းပေါင်းမိပြီး Sehun နဲ့ အတော်အသင့်ခင်နေပြီ

"ဘာကြီး?''

"မင်းကို Park Chanyeol က ကြိုက်လို့တဲ့''

Omma!!!မဆီမဆိုင် အိမ်ကအမေကိုတောင် တမိသွားတယ်။ဒီကောင် ဘယ်က မဟုတ်မဟတ်တွေကြားလာပြန်ပြီလဲ

"မဟုတ်တာကွာ မင်းကလည်း''

"တကယ်ပြောတာ ငါ ကန်တင်းမှာ မုန့်ဝယ်နေတုန်း ကြားခဲ့တာ Hyuneeက ချစ်စရာလေး ငါ ကြိုက်တယ်ဆိုပြီး Park Chanyeol ပါးစပ်ကကိုပြောနေတာ''

"အာ Hyunee ဆိုတိုင်း ငါဟုတ်ချင်မှဟုတ်မှာပါကွာ Jaehyun တို့လည်းရှိတာပဲ''

"အာ ဟုတ်သားပဲနော် ဆောရီး ဟီး''

Sehun က အားနာပြီး ရှေ့ပြန်လှည့်သွားသည်။ Baekhyun စာရေးခုံပေါ် တင်ထားတဲ့ မုန့်တွေကို ယူသွားဖို့တော့ မမေ့ဘူး သူ့မုန့်ထုပ်တွေအကုန်ရှေ့ပြန်ပိုက်သယ်သွားသည်.... သူ့မုန့်တွေကဖြင့် ကလေးတွေတောင်စားတော့မှာမဟုတ်တဲ့ ကွတ်ကီးတွေကိုများ ><

"ကိုယ့်မုန့်ကိုတောင် တစ်ယောက်တည်း လုစားနေတဲ့ကောင်''
Sehun ကို တိုးတိုးလေး ဟားလိုက်ရင်း ခုရက်ပိုင်း သူ့ဆီရောက်ရောက်လာပြီး တော်တော်နဲ့ခွာမသွားတဲ့ မျက်လုံးတစ်စုံကို Baekhyun ဖြတ်ခနဲ မြင်ယောင်လိုက်မိသည်...

သူ့အနီးအနားတစ်ဝိုက်မှာ အသေးစားရင်ခုန်မှုလေးဟာ ကြိမ်နှုန်းဖြည်းဖြည်းလေးနဲ့ လှုပ်ရှားသွားတာကို ပဲနို့ဘူးလေး တပြွတ်ပြွတ်စုပ်နေတဲ့ Sehyun တစ်ယောက် မသိလိုက်ပါ xD

.........................

ကျောင်းရှေ့ အုတ်ခုံပေါ်မှာ ထိုင်ပြီး ရယ်မောနေကြတဲ့ Park Chanyeol တို့ ဗရုတ်အုပ်စုကို မြင်လိုက်တော့ Baekhyun တစ်ယောက် ထိုင်ငိုချင်သွားသည်...ဒီကောင်တွေ ကျောင်းရှေ့ကခုံပေါ်မှာ ထိုင်ထိုင်နေတတ်တာ သုံးရက်လောက်ရှိပြီ...

လူကြောက်တာတော့မဟုတ် ဒါပေမယ့် လူရှုပ်ရှုပ်ကို Baekhyun မကြိုက်တာ ဟိုးငယ်ငယ်လေးတည်းက... လူများများရှိလျှင် ထိုနေရာကို ရှောင်တတ်တဲ့ Baekhyun အတွက် အဲဒီ့အုပ်စုက ကြီးမားတဲ့ စိတ်အနှောင့်အယှက်ပဲ...
အဆိုးဆုံးစိတ်အနှောင့်အယှက်ကတော့ ကျောင်းဝန်းထဲမဝင်ခင်ကနေ အတန်းထဲရောက်ဖို့အထိ သွားရတဲ့အကွာအဝေးတလျှောက်လုံး စိုက်ကြည့်နေတတ်တဲ့ မျက်ဝန်းတစ်စုံ....

Annoy But I LoveWhere stories live. Discover now