သို့ပေမယ့် လွဲနေသည်က တစ်ခု။

ဒူးလောက်ရှိမည့် ခြံစည်းရိုးငယ်တို့နှင့်ကာရံထားသော ထိုနှင်းဆီခြံသည် Singto ၏ နှင်းဆီခြံဖြစ်ပြီး ဥယျာဉ်မှူး ဦးလေး ကြီးမှ လွဲ၍ မည်သူမှ မ၀င်ခိုင်းလောက်ရအောင်ထိ ထိုနှင်းဆီတို့အပေါ် Singto သည် အကဲဆတ်လှသည်.။ ဖခင်ဖြစ်သူ ၏ တစ်ခုတည်းသော အမွေဖြစ်သူ နှင်းဆီမျိုးတို့ကို Singto က ယုယကြင်နာလှ၏။
သို့ပေမယ့် Nick သည် သတိမထားမိခင်မှာပင် ထိုခြံလေးထဲ ၀င်လာခဲ့မိသည်.။

“Krist.~~”

ပုံမှန်အတိုင်းလှည့်ကြည့်လာသော မျက်ဝန်းတို့က Nick ကိုမြင်လျှင် မျက်ခုံးတို့တွန့်ချိုးသွားရသည်.။

“ကြည့်ရတာ မင်းလည်း ကိုယ့်ကိုမှတ်မိတယ်ထင်တယ်.။ဘယ်လိုလဲ အဲ့တုန်းက ကိုယ်က Prachaya အိမ်တော်က လိုက်ခဲ့ပါဆိုတော့ မလိုက်ဘူး.ခုတော့ P’Sing ရဲ့ယောကျာ်းတဲ့လား..။ ဒါကလည်း မင်း က အကွက်ချကြံခဲ့တာဆို။ ကိုယ့်ဆီသာလိုက်လာခဲ့ရင် အဲ့လိုလုပ်စရာမလိုဘူးလေ..ကိုယ်လည်း အတည်ယူနိုင်ပါတယ် မင်းကို”

Nick ၏ တရစပ်စကားတို့အဆုံးတွင် Krist သည် နှုတ်ခမ်းစွန်းတို့ ကွေးညွှတ်ကာ မဲ့ပြုံးတစ်ခုပေါ်ထွက်လာသည်.။လက် က နှင်းဆီတို့၏ ရိုးတံကို တစ်ခုချင်းကိုင်လျက်.။

“မင်း နဲ့ Sing က နှိုင်းစရာလိုလို့လား.??”

ပါးစပ်ပေါက်ပိတ်သွားရချေပြီ.။ ဒါ မည်သို့သော သွယ်ဝိုက်စော်ကားမှုမျိုးလဲ.။ Nick သည် တိုးထွက်လာသော ဒေါသတို့နှင့်အတူ Krist ၏ လက်တစ်ဖက်ကိုဆောင့်ဆွဲလိုက်သည်.။

“ငါက ဘာဖြစ်နေလို့လဲ.. ဟမ်..သူ့ထက်စာရင် ငါက မင်းကို ပိုပြီးပျော်စရာဖန်တီးပေးနိုင်သေးတယ်”

“ခွပ် ~~~~”

မေးရိုးကို အရှိန်ပြင်းပြင်း ဆောင့်ထိုးလိုက်သည်မို့ Nick သည် မြေပေါ်သို့ လဲကျသွားရသည်.။

“ရူးကြောင်ကြောင်နဲ့ ငါ့ကို မိန်းကလေးလို့ အမြင်မှားမနေနဲ့.။မင်းလက်ထဲက မလှုပ်ရဲ မရွံ့ရဲ ဖြစ်နေရအောင် ငါက မိန်းကလေးမဟုတ်ဘူး.။ နောက်တစ်ခါ ငါ့လက်ကို စိတ်တိုင်းကျ လာဆွဲဖို့မစဉ်းစားနဲ့.။မင်း မျက်နှာ ဒီထက် စုတ်သွားမယ်.”

နှစ်ကိုယ်တူတိုင်းပြည်Where stories live. Discover now