" Xiuchen!! Xiuchen!! "
"အားးးးးသူတို့နှစ်ယောက်ကိုချစ်လိုက်တာ ကြည့်ပါဦး Xiumin က Chen ကို တော်တော်ချစ်ပုံပဲနော်"
Luhan တစ်ယောက် ဒေါသတွေတအားထွက်နေမိတယ်။
ကြားနေရတဲ့အဲ့စကားသံတွေ အဲ့လိုအော်ဟစ်အားပေးနေသံတွေကို ရပ်တန့်လို့ရရင် ရပ်ပစ်လိုက်ချင်တယ် အရင်က ကိုယ့်ဘေးနားမှာပဲအမြဲရှိနေသူ xiumin က ခုတော့ ကိုယ်မဟုတ်တဲ့ Chenရဲ့ဘေးမှာပြုံးရွှင်ရယ်မောလို့နေနိုင်နေပြီ။ ကိုယ်စခဲ့တဲ့ဇာတ်လမ်းမို့ အဆုံးသတ်က ကိုယ်မျှော်လင့်သလိုဖြစ်လာပေမယ့်လည်း ဘာကိုမကျေနပ်လို့မကျေနပ်ဖြစ်နေမှန်း Luhan ကိုယ့်ဘာသာလည်းဝေခွဲမရနိုင်တော့ပေ။ ဟိုးးးtrainee ဘဝထဲက ဒီပေါက်စီလိုဖြူဖြူလုံးလုံးကောင်လေးကို တိတ်တဆိတ်စောင့်ကြည့်ခဲ့တာ။ ကံကောင်းချင်တော့ debut တော့လည်းတူတူ အဖွဲ့ခွဲတော့ရယ်လည်းတူတူ အမြဲတတွဲတွဲရှိခဲ့တာရယ်ပါ။ Fan တွေရဲ့ အချစ်တော် Xiuhan ဆိုပြီးတော့တောင် သတင်းမွှေး ရေပန်းစားခဲ့ဆုံး couple တောင်ဖြစ်ခဲ့တာမဟုတ်လား။ ခုတော့ မိသားစုပြဿနာရယ် ငါက မိန်းကလေးတွေပဲစိတ်ဝင်စားတာ manly ဆန်တယ်ဆိုတဲ့တဖက်သတ်ခံယူချက်ရယ်ကြောင့် ဒီပေါက်စီလုံးနဲ့လက်တွဲဖြုတ်ခဲ့တာ။ ကိုယ်နဲ့တပူးတွဲတွဲရှိနေကတည်းကိုက ဒီ chen ဆိုတဲ့အကောင်သေးသေးကောင်လေးက ပေါက်စီလုံးကို ကိုယ့်ဆီကနေ လာလာယှဉ်လုနေကြ။ ကိုယ့်ရဲ့ manly ဆန်ဆန် ငါ့ဟာဆိုတဲ့အကြည့်တွေနဲ့အတင်းကိုဆွဲထားခဲ့ရတာ။ ပေါက်စီဆိုသည်မှာလည်း chen အပေါ်မှာ နဂိုကတည်းက လူမျိုးတူချင်းဖြစ်တာရယ် chen တစ်ယောက် ကိုယ့်အလစ်တွေမှာစကားလုံးလှလှတွေနဲ့ဝင်ဝင်ချုပ်နေမှုရယ်ကြောင့် ခင်တွယ်နေမှုကရှိပြီးသားဆိုတော့ ခုတော့ခွဲမရတဲ့အခြေအနေတြွေဖစ်နေပြီထင်ပါရဲ့လေ။ ရင်တွေလည်းမောရပါတယ် xiumin ရယ်။ သူနဲ့လက်တွဲဖြုတ်ခဲ့တယ်ဆိုပေမယ့် Lay ကို အနီးကပ်စောင့်ရှောက်ခိုင်းထားခဲ့တယ်။ သူနဲ့ Chen နှစ်ယောက်ရဲ့ နေပုံထိုင်ပုံတွေကို စပိုင်လုပ်ခိုင်းခဲ့ပေမယ့် Lay ခမျာလည်း တရုတ်မှာချည်းနေနေရရှာလေတော့ သူတို့အကြောင်းတွေ သေချာမသိရ။ စပိုင်အသစ်ထပ်ရှာနေတုန်း CBX ဆိုပြီး sub unit စထွက်လာတယ်လေ။ ဒီတော့လည်း baekhyun ကို အကူအညီတောင်းပြီး အနီးကပ်စောင့်ကြည့်ခိုင်းထားရတာ။ စောင့်သာကြည့်ခိုင်းရပါတယ် CBX နဲ့ပတ်သက်လို့ public မှာချပြသလောက် ကြည့်ရတာနဲ့တင် ဒီငဘတ်လေးက တစ်ကိုယ်တည်း FA လိုလို ဟိုနှစ်ကောင်က အချစ်ငှက်နှစ်ကောင်လိုလိုနဲ့ ဟင်းးးးးးနော် Luhan သည်းခံနေရတယ်။ ကိုယ့်မှာ Girlfriend ရှိပါပြီဆိုပြီး ကြွားလိုက်ကတည်းက xiumin တစ်ယောက် သူ့အချစ်တွေကို အကောင်သေးလေး Chen အပေါ်ပုံအောပစ်လိုက်ပြီများလား တွေးရင်းရင်ပူရတာအခါခါပါပဲ။ Luhan ဆိုသည်မှာလည်း ကိုယ်ကသာ GF တွေဘာတွေနဲ့ဆိုပြီး ဂုဏ်ဆာချင်ဂုဏ်ဆာမယ်။ Xiumin တစ်ယောက် သူ့အပေါ်အချစ်လျော့မှာတော့ မလိုလားသူရယ်ပါ။ အတ္တကြီးတယ်ရယ်ပဲဆိုချင်ဆိုကြပါစေ။ ကိုယ်ထားခဲ့တဲ့နေရာမှာပဲ ကိုယ့်ကိုချစ်ရင်းမျှော်လင့်နေတာပဲလိုချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ချစ်ရတဲ့ပေါက်စီလုံးက ကိုယ်ဘေးနားရှိစဉ်ကလို မလှုပ်တလှုပ်မဟုတ်တော့။ စပ်စလူးစိန်အဖြစ်အပြောင်းကြီးပြောင်းသွားရှာလေပြီ။ chennie နဲ့ငဘတ်မွှေလေးကြားအနေများသွားလို့ဖြစ်မှာပါလေလို့ပဲ ဖြေတွေးနေရတယ်။ Xiuchen travel without manager ဆိုတာထွက်လာတုန်းကပေါ့။ Chen က Xiumin Hyung နဲ့က တကယ့်ညီအစ်ကိုလိုပဲလို့ပြောတုန်းက ဟုတ်တယ် ဟုတ်တယ်ဆိုပြီး လိုက်ထောက်ခံမိသမျှ ဒင်းက ပေါက်စီလိုကောင်ကလေ Chen က ကျနော့်အတွက်တော့ ဇနီးတစ်ယောက်လိုပါပဲတဲ့လေ ရွကိုရွလွန်းပါတယ် ကျနော်ရဲ့မထုံတတ်တေးပေါက်စီလေးမှဟုတ်ပါလေစရယ်လို့ ကြည့်ရင်းကြည့်ရင်း ဟီးလေးချငိုခဲ့မိတာပါပဲ။ နောက်တော့ Xiuchen couple is marriage couple တွေဘာတွေထိဖြစ်လာတာ ဒင်းအပြောအဆိုမတတ်မှုတွေကြောင့်ပေါ့လေ ဘာတဲ့ ကျနော်နဲ့ chennie က လင်မယားတွေလိုပါပဲလို့ဆိုတာတွေ chennie စိတ်ထဲတွေးနေတာတွေကို ကျနော်က ကြိုသိနေတာတို့ တအားကို ရွထလွန်းတဲ့စကားတွေ မဖြစ်နိုင်တာကြီးတွေကို ထပ်ကာထပ်ကာ ဒင်းကpublic မှာကို ပြောထွက်လာတာတွေကြောင့်လေ။ Luhan တွေးရင်းတွေးရင်းဒေါသတွေက တအားထွက်လာမိသည်။ ကိုယ်နဲ့သူတွဲတုန်းက public မှာနော် သတိထားပါ သတိထားပါ ဆိုတဲ့ ကုမ္ပဏီစည်းမျဉ်းတွေရယ် ဘေးနားမှာ မျက်ထောင့်နီတွေနဲ့လိုက်လိုက်ကျပ်နေတဲ့ မန်နေဂျာဘဲကြီးတွေက ခုတော့ public မှာ လင်မယားဖြစ်နေပါပြီလို့ မပြောရုံတမယ်ပြောဆိုနေတဲ့ ပေါက်စီလိုကောင်ရဲ့စကားတွေကိုကျ မကြားချင်ယောင်ဆောင်နေကြ စည်းမျဉ်းတွေပါ ဖျက်ပစ်လိုက်ကြလေသလား။ ဒါမှမဟုတ် ဒင်းတို့လူမျိုးတူချင်းမို့ ဖြစ်ချင်ရာဖြစ် ခွင့်ပြုလေသလား။ ကိုယ်တစ်ယောက်ထဲတွေး တစ်ယောက်ထဲခံစားနေရတာတွေ ကြာတော့ မတရားဘူးလို့ထင်မိလာတယ်။ ကောင်မလေးရပြီးကတည်းက သူနဲ့ကိုယ့်ကြားအဆက်အသွယ်က တမင်လုပ်ယူတာမဟုတ်ပါဘဲ တဖြည်းဖြည်းနည်းလာရင်းကနေ ခုဆို အဆက်အသွယ်မရှိသလောက်ကိုဖြစ်နေတာ။ Xiumin ဆိုသည်မှာလည်း လူမှုရေးနားလည်ဖို့ စံတစ်ခုလို သူ့ကိုယ်သူသတ်မှတ်ထားတဲ့သူဆိုတော့ ကိုယ်နဲ့ကောင်မလေးကြားထဲအနှောင့်အယှက်ဖြစ်မှာကို သိပ်ကိုစိုးရိမ်တာလေ။ ဒါနဲ့ပဲ အခုလို အဆက်အသွယ်တွေဝေးပြီး နီးရာ chen ကိုပဲဖက်တွယ်လိုက်တာများလားလို့ ကယောင်ခြောက်ခြားတွေ လျှောက်တွေးမိပြန်တယ်။ မဖြစ်သေးပါဘူး အငယ်ဆုံးလေးကို အကူအညီတောင်းကြည့်ဦးမှလို့ Luhan တွေးလိုက်မိတယ်။ အငယ်ဆုံးလေး sehunnie က ကိုယ့်ကိုဆို သိပ်ချစ်ရှာတာမဟုတ်လား။ ကိုယ်သာငိုချင်းချပြလိုက်တာနဲ့ သူကအဆင်ပြေအောင် ကူညီမှာကျိန်းသေပဲလေ။ ဒါနဲ့ပဲ sehun လေးဆီဖုန်းဆက်ပြီး xiuchen အခြေအနေ စနည်းနာလိုက်တယ်။ ငယ်လေးကို အကူအညီတောင်းတော့ sehun က ပြောတယ် xiuchen ဆိုတာ တကယ်တော့ cover အနေနဲ့ထားလိုက်ရတာတဲ့ အဲ့အကြောင်းကြားတော့ ကိုယ့်မှာလေ ဝမ်းသာလုံးတွေစို့လို့ပေါ့။ ဆက်ပြောလိုက်တဲ့အကြောင်းမှာပဲ ကိုယ့်မှာ ဆက်ပြောဖို့ရာ စကားလုံးတွေပါ ပျောက်ရှသွားတော့တာ။
" Xiumin hyung က အခု ကျနော့်အပိုင်ဖြစ်သွားပြီလေ Luhan hyung ရဲ့။ ဒါပေမယ့် Xiuhan တွေ Hunhan တွေ ဝမ်းနည်းမှာစိုးလို့ နဂိုရှိပြီးသား otp ဖြစ်တဲ့ Xiuchen ကို cover ထားပစ်လိုက်တာလေ ဘယ်လိုလည်း မိုက်တယ်မဟုတ်လား ကျနော်က အငယ်ဆုံးလေးပေမယ့် လက်သွက်သလို idea လည်းကောင်းကောင်းထွက်တယ်လေ hyung ရယ်။ Trainee ဘဝထဲက တူတူပြန်တိုင်း ဘေးနားမှာရှိနေတဲ့ Xiumin hyung ကို ကြည့်ရင်း တစ်နေ့ငါ့အပိုင်ဖြစ်ရမယ်လို့ သံဓိဌာန်ချခဲ့တာ hyung ရဲ့။ hyung နဲ့ပဲတွဲတွဲ chen hyung နဲ့ပဲတွဲတွဲ နောက်ဆုံးတော့ xiumin hyung ကို ပိုင်ရမယ့်သူက ကျနော်ပဲဖြစ်ရမယ်လေ ဟားဟားဟား"
ESTÁS LEYENDO
Finally
De Todo10.10 အမှတ်တရပေါ့ finally ပေါ့ပေါ့ပါးပါးလေး Luhan ကို သတိရတဲ့စိတ်ကလေးနဲ့ရေးမိတယ်။ Xiuhan ရော Xiuchen ရောကို ထိခိုက်စေလိုခြင်းမရှိပါ။
