မင်းမခ ကားပေါ်သို့မတက်မီ သူစီးထားသော sneakers ကို ချွတ်နေစဉ်

''ရော့ ဒါ သားတို့လမ်းမှာ စားဖို့အတွက်။
သား မင်းမခ ကိုလည်း ဂရုစိုက်ပေးပါအုံး။ဒီခရီးကို လွှတ်သာ လွှတ်ရတာ ။စိတ်မချဘူးကွဲ့။ သားတော်မောင် တဂျီဂျီ ပူဆာနေလို့သာ လွှတ်ရတာ ။ ဂရုတစိုက်သွားကြအုံး ''

မင်းမခ အမေဖြစ်သူ ဒေါ်နန်းသင်းက မုန့်ထုပ်ကို မင်းမခ သူငယ်ချင်းများအား ပေးလိုက်ပြီး ဂရုတစိုက်သွားကြရန် အတန်တန်မှာနေသည် ။

''အန်တီသင်း စိတ်ချပါ။ သမီးတို့တွေပါနေတာဘဲ။ အန်တီသားကို ဂရုစိုက်လိုက်ပါမယ်။ ''

လူမှုရေး သွက်လက်ချက်ချာသော မေနှင်းကခ အမေအား စိတ်မပူစေရန် အာမခံမှုပေးလိုက်သည်။

ကားခေါင်း ရှေ့တွင် နေရဲမာန် ခအမေ အား
ပြုံးပြ လိုက်ပြီး သူ့ဘေးနား က မင်းမခအတွက် နေရာဦးပေးထားသည့်အနေဖြင့် နေရဲမာန် လွယ်အိတ်အား သူ့ပေါင်ပေါ်သို့ တင်ပြီး မင်းမအား သူဘေးနား လာထိုင်ရန် ပါးစပ်ဟရုံပင်ရှိသေး . . .ကား နောက်ပိုင်း တွင် ထိုင်နေသောအမဖြစ်သူ ဟေမာန်က မင်းမခ light truck ကားပေါ်သို့တက်သည့်နဲ့တစ်ပြိုင်နက် ခရဲ့ လက်ကိုဆွဲလိုက်သည်။

''လာ မောင်လေး ။ဒီမှာ လာထိုင်။ အမဘေး မှာ နေရာ လွတ်တယ် ''
နှစ်ခါပင်ပြောစရာမလို
''ဟုတ်ကဲ့ အမ ''
ဟုဆိုကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ယဉ်ကျေးစွာ ခွန်းတုံပြန်လိုက်ပြီး ဟေမာန် ဘေးနားသို့ ဇွတ်ခနဲ နေရာယူလိုက်ပြီး

''မေမေ သားတို့သွားပြီ ဘိုင်ဘိုင်''

ကလေးလေးတစ်ယောက်လို လက် ဝှေ့ယမ်းပြကာ နှုတ်ဆက် နေသော မင်းမခ။
မင်းမခ အမေအား နှုတ်ဆက်ပြီး ကားစတင်ထွက်ခွာလာခဲ့သည်။

နေရဲမာန် အမဖြစ်သူအား မကျေမနပ် ကြည့်ကာ မျက်နှာထားမှာ တင်းနေသည်။ ဟေမာန်ကတော့ ဂရုမစိုက်။ မသိကျိုးကျွံပြုကာ အောင်နိုင်သူ အပြုံး ဆင်မြန်းကာ ကားပေါ်ရှိ မောင် ဖြစ်သူ သူငယ်ချင်း များနဲ့ အချင်းချင်း မိတ်ဆက်ကာ စကားဖောင်ဖွဲ့နေကြသည်။

မင်းမခ ရဲ့ မျက်နှာ ကတော့ အပြုံး ပန်းများ ပွင့်လန်းနေလို့။ တော်တော်လေး တက်ကြွနေ
သည်။ထို့ပြင် ဖောင်းကြွနေသော သူ့ကျောပိုးအိတ်ကို ဖွင့် လိုက်တော့ စားစရာတွေက အပြည့်။ သူ့သူငယ်ချင်း ကောင်မလေး များမှာလည်း ရေဘူး နဲ့စားစရာမုန့်ပဲသရေစာ အထုပ်များယူလာသည်မှာ တစ်ဆိုင်လုံးသိမ်းကြုံးလာသလား အောက်မေ့ရသည်။ တကယ် foodieကြီးများပင်။

နှလုံးသားထက်က လက်တစ်စုံ (Completed)Where stories live. Discover now