part 13{U}

4.5K 262 1
                                    

နေရဲမာန် မနက်ခင်းစောစော 6နာရီ ခန့်
ဟိန်းထက်နှင့် မျိုး မြင့်စီစဉ် လာသော light truck ကားကို မြင်ကတည်းက ဒေါသဖြစ်ရသည်။ တစ်ယောက်တည်း သူငယ်ချင်းများနှင့် လွတ်လွတ်လပ်လပ် trip ထွက်ချင်ပါသည်ဆိုမှ အိမ်က အမတော် ဟေမာန်က တောင်တက်ဝါ သနာ ပါသူပီပီ သူပါ အတင်းလိုက်မည်ဆိုသောကြောင့် လည်းကောင်း ၊ သားယောကျာ်း
လေး တစ်ယောက်တည်း စိတ်မချ သော
ကြောင့် နားပူနာဆာ ပြနေသော အမတော်ကို လိုက်ခိုင်းသည့် မာမီ ရဲ့ တစ်ချက်လွှတ် အမိန့်ကြောင့် နေရဲမာန် အမအား မခေါ်ချင်ဘဲ ခေါ်ခဲ့ရသောကြောင့် စိတ်ထဲတွင် မကျေနပ်ပင်။

နောက်က စုံထောက်လိုလို အမ ပါလာသည့်မို့
သူကဲချင်တိုင်း ကဲလို့မရသောကြောင့် နဂို ကတည်း မှ စိတ် က တင်းနေသည်ကတစ်ကြောင်း သူငယ်ချင်းများကို အားကိုးတကြီးဖြင့် ကားစီစဉ် မှုကို သူတို့အား ယုံကြည်စွာ လွှဲထားလိုက်ရာ ယခု တော့ အထင်နဲ့အမြင် တက်တက်စင်း လွဲသွားရသည့်အဖြစ်။

ကိုယ့်ရဲ့ အိမ်က 12ယောက်စီး Minivan နဲ့သွားလျှင် ယခုလို light truck ကားသေး
သေးထဲတွင် လူ 8ယောက်ကြပ်ကြပ်တည်းတည်း ဖြင့် စီးစရာမလို။ စိမ်ပြေနပြေ လိုက်ပါနိုင်သေးသည်။ ယခုတော့ သူငယ်ချင်းများ၏အသုံးမကျမှုကြောင့် မစီးချင်သော light truck ကို ရှိုးပဲ့စွာ ကြပ်ကြပ်တည်းတည်း ဖြင့် စီးရမည့် အဖြစ်။

နေရဲမာန် မကျေမနပ်သောလေသံဖြင့်
အပြစ်တင် လာသည်မှာ မင်းမခ အိမ်ရောက်
သည်အထိ ပေါက်ပေါက်ဖောက်သလို ပင်။
အိမ်ဝင်းတံခါး အနက်ရောင် သုတ်ထားပြီး
အစိမ်းရောင် အိမ်အမိုး မိုးထားသော နှစ်ထပ် တိုက်အိမ်ရှေ့ အရောက် ရောက်ပြီဖြစ်ကြောင်းအသိပေးရန် ကားဟွန်း နှစ်ချက် တီးလိုက်သည်။ အိမ်ထဲမှ မင်းမခ ထွက်အလာကို နေရဲမာန် သစ်ကုလားအုတ်တစ်ကောင်လို လည်ပင်း တရှည်ရှည်ဖြင့် မမျှော်ရုံတစ်မယ်။

မကြာပါ။ အင်္ကျီ လက်ရှည် အနက်ရောင်နဲ့
လျှာထိုးဦးထုပ် အနီ ရောင်ဆောင်းထားသော
ကောင်လေးတစ်ယောက်နဲ့ ဘေးက အမေဖြစ်သူ နဲ့အတူ မုန့်ထုပ် ကိုင်လျက် ထွက်လာခဲ့သည်။

အနီရောင်နဲ့ အဖြူ ရောင် စပ်ထားသော sneakersနဲ့အတူ တွဲဖက်ဝတ်ဆင် ထားသော ဒူးလောက်ရှိသောဂျင်းဘောင်းဘီ တိုNavy ပြာန သည် ဖြူဖွေး သွယ်တန်းနေသော ခြေတံရှည် များ ပေါ်လျက်။ ခန္ဓာကိုယ်နှင့်မလိုက် လွယ်ထားသော ကျောပိုးအိတ်ထဲမှာလည်း ဘာတွေထည့်ထားမှန်းမသိ။ ဖောင်းပွနေသည်။

နှလုံးသားထက်က လက်တစ်စုံ (Completed)Where stories live. Discover now