(၁.၁) Z+U

1.6K 170 6
                                    

(၁.၁) ငါက Black Powder Fan တစ်​ယောက်။

တုကျယ့်​က 'black powder' fan တစ်​​ယောက်​ ဖြစ်​တယ်​။

'Black Powder' fan ဆိုတာက သူတို့ရဲ့ idols ​တွေကို အမြဲလိုလို လိုက်​အပြစ်​ရှာ​နေတတ်​ပြီး ဆဲဆိုတာမျိုး မ​ကောင်း​ပြောတာမျိုး လုပ်​တတ်​သူ​တွေ ဖြစ်​တယ်​။ သူတို့ဟာ သူတို့ချစ်​တဲ့ idols ​တွေနဲ့ ရန်​သူဖြစ်​ချင်​ကြတယ်​။ အဲဒါမှ သူတို့ကို သတိထားမိမယ်​လို့ ​တွေးတဲ့ သူ​တွေရှိသလို .. အဲဒီလို ပြစ်​တင်​​ပြောဆို​နေတာဟာ သူတို့ အချစ်​ကို ​ဖော်​ပြတဲ့ နည်းလမ်းတစ်​ခုလို့လည်း ထင်​မှတ်​ထားကြတယ်​။
တုကျယ့်​က 'Black Powder' Fan ဖြစ်​လာဖို့ နီးစပ်​​နေပြီဆိုတာ အ​ကြောင်းအချက်​ သုံးခုအရ သိနိုင်​တယ်​။

ပထမအချက်​အ​နေနဲ့ တုကျယ့်​ဟာ သူ သ​ဘောကျတဲ့ author ကို အပြစ်​ရှာရတာ ကြိုက်​တယ်​။ အပြစ်​တင်​​ပြောဆိုရတာလည်း ကြိုက်​တယ်​။ ပြီး​တော့ တခြား fan ​တွေနဲ့ ရန်​ဖြစ်​ရတာ သ​ဘောကျတယ်​။ အဲဒါက သူ့ idol ဆီက​ သူ့ကို သတိထားမိလာ​စေမယ့်​ အရိုးရှင်းဆုံးနည်းလမ်းတစ်​ခု ဖြစ်​တယ်​လို့လည်း သူထင်​တယ်​။

တခြားစာဖတ်​သူ​တွေက author ကို ​လေးစားတာ​တွေ ချစ်​တာ​တွေ ဆို​နေတဲ့အချိန်မှာ 'black powder' fan ဖြစ်​တဲ့ သူဟာ တခြားသူ​တွေကို တိုက်​ခိုက်​ပြီး မ​ကောင်းတဲ့အချက်​​တွေနဲ့ ဖိနင်းပြီး ​ပြောဆိုရတာကို နှစ်​သက်​တယ်​။ သူတို့ကို ဆန့်​ကျင်​​ပြောဆိုသူများ​လေ ​ကျေနပ်​​လေပဲ။ သူတို့ကို ဘယ်​သူကမှ အဖက်​မလုပ်​​တဲ့အခါမျိုးမှာ​တော့ သူတို့​တွေက တိတ်​တိတ်​​လေး ​ပျောက်​ကွယ်​သွားတတ်​တယ်​။

တုကျယ့်​ကလည်း အဲဒီလိုပဲ။ ဒုတိယအချက်​အ​နေနဲ့ သူက review ​တွေ ပျစ်​ပျစ်​နှစ်​နှစ်​ ​ရေးရတာ သ​ဘောကျတယ်​။ သူ အပြစ်​ရှာ​ပြောဆိုထားတဲ့ စာ​တွေ​အောက်​မှာ တခြားလူ​တွေ ​ဆွေ့​ဆွေ့ခုန်​ကာ author အ​ပေါ် ကာကွယ်​​ပြောဆိုပြီး သူ့ကို တိုက်​ခိုက်​ကြတာကို ဖတ်​ရတာ သိပ်​ကြိုက်​တယ်​။ သူတို့​တွေနဲ့ အပြန်​အလှန်​ တိုက်​ခိုက်​​ပြောဆိုရတာ ​ပျော်​ဖို့​ကောင်းတယ်​လို့ သူ ထင်​တယ်​။

ဝတ္ထုထဲဝင်လည် အချစ်ရှာမယ် ! [BL Novel Translation]Where stories live. Discover now