Description (Z+U)

3.5K 181 6
                                    

တုကျယ့်​က web novel ​တွေ ဖတ်​ရတာ ကြိုက်​ပြီး အခုတ​လောမှာ သူ သ​ဘောကျ​နေတဲ့ ဝတ္ထုကို ​ရေးတဲ့ author ဆီက​နေ attention လိုချင်​​နေသူတစ်​ဦးလည်း ဖြစ်​တယ်​။

အဲဒီအတွက်​ သူက မေ​ကာင်း​တဲ့ feedback ​တွေ ​ပေးတတ်​တယ်​။

တုကျယ့်​ : " ဇာတ်​​ဆောင်​က ​ငတုံး၊ author က ​သောက်​ရူး ! "

မထင်​မှတ်​ဘဲ သူ့ရဲ့ comment ကို author က reply ပြန်​လာတယ်​။

Author: " ဟုတ်​ပြီ "

ဟုတ်​ပြီ ?.. ဘာဟုတ်​တာလဲ ?.. သူ ​တွေးလို့မဆုံးခင်​မှာ အရမ်းချစ်​ဖို့​ကောင်းပြီး ဖြူစင်​တာမို့ လူတိုင်းဝိုင်းချစ်​​ရတဲ့ ဇာတ်​​ဆောင်​က ရုတ်​တရက်​ကြီး စိတ်​တိုလွယ်​ ​ဒေါသထွက်​လွယ်​ပြီး ကြမ်းတမ်းလာတယ်​။ တုကျယ့်​ဟာ စာဖတ်​သူအ​နေနဲ့ ဘာမှမလုပ်​နိုင်​ဘဲ ဒီဇာတ်​​ဆောင်​တစ်​​ယောက်​ သူ့ရဲ့ ဇာတ်​​ဆောင်​အခွင့်​အ​ရေး​တွေကို အလွဲသုံးစားလုပ်​ပြီး သစ္စာ​ဖောက်​တာကို မခံချိမခံသာ အံတကြိတ်​ကြိတ်​နဲ့ ကြည့်​နေရတယ်​။

နောက်​ဆုံး​တော့ ဇာတ်​​ဆောင်​ဟာ မ​ကောင်းတဲ့လမ်းကို ​လျှောက်​ရင်း ​လျှောက်​ရင်း လုံးဝကို မ​ကောင်းဆိုးဝါးသဖွယ်​ ဖြစ်​လာ​တော့တယ်​။ အရာရာတိုင်းကလည်း ပြဿနာ​တွေပဲ ဖြစ်​လာတယ်​။

တုကျယ့်​တစ်​​ယောက်​ ကြိတ်​မနိုင်​ခဲမရ​တွေ ဖြစ်​ရင်း ဖြစ်​ရင်းက ​နောက်​ဆုံးမှာ သူ ဝတ္ထုထဲ ​ရောက်​သွား​တော့တယ်​။

" ဟင်​ ?.. ငါ့ ​ရှေ့မှာ ရှိ​နေတဲ့သူက ဟိုဝတ္ထုထဲက မ​ကောင်းဆိုးဝါးဇာတ်​​ဆောင်​နဲ့ တူလိုက်​တာ !.. ဟာ ... တ .. တကယ်​ကြီး အဲဒီလူလား ? "

အားးးး !.. ဘာ​တွေဖြစ်​ကုန်​တာလဲ ?... ငါ့ကို ကယ်​ကြပါ !

*********************

အပိုင်း ၁ မကြာမီ လာမည်​ ​မျှော်​ .. keke

ကိုယ်​ လုပ်​စရာ​တွေ မပြီး​သေးဘဲ ဘာသာ​ကောက်​ထပြန်​​နေလိုက်​​သေး .. 😂 ... ဘယ်​​နေ့ up ​ပေးမယ်​လို့ ကတိ​တော့ မ​ပေးရဲဘူး .. ဒါ​ပေမယ့်​ ကြိုက်​ကြရင်​​တော့ ဘာသာဆက်​ပြန်​​ပေးမယ်​​လေ​နော်

ဝတ္ထုထဲဝင်လည် အချစ်ရှာမယ် ! [BL Novel Translation]Where stories live. Discover now