Zawgyi
အေးစက်နေတဲ့ လေညှင်းတွေ တစ်ခါ
တိုက်လိုက်တိုင်း ကျွန်တော့်အသည်းလေး လှိုက်ခနဲ အေးသွားတယ်။ အမိေ
မြမဟုတ်တဲ့ Vancouver မှာ နေထိုင်
လာတာ ခုဆို ငါးနှစ်လောက်ရှိတော့မယ်
ထင်တယ်။ ဘာလို့နေနေတာလဲ ဟုတ်လား ??? ကျွန်တော် ချစ်ရသူတစ်ယောက်ကို ဖွင့်ပြောခဲ့မိလို့ပါ။ ဖွင့်ပြောတာ လက်မခံခဲ့ဘူးလေ။ အဲ့ဒါနဲ့ပဲ ဒီကို ပြောင်းလာတာခဲ့တယ် ဆိုပါတော့။ မိသားစုကတော့ဒီအချစ်ကြောင့်နဲ့ သူတို့ကို ခွဲသွားတော့ဒေါသထွက်တာပေါ့ဗျာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ကျွန်တော့်ကို ပြန်ခေါ်ခဲ့ကြတယ်။ ကိုရီးယားကိုလည်း ပြန်လာဖို့ခေါ်နေတယ်။ ကျွန်တော် မပြန်ချင်ဘူး။ ဒါပေမယ့် ခဏလောက်တော့ ပြန်ရမှာပေါ့။ မိသားစုက ရှိနေတယ်လေ။ သူကြောင့်နဲ့ မပြန်လာချင်ဘူးဆိုတာတော့ မေမေတို့ ဖေဖေတို့ကို မပြောတော့ပါဘူး။ ကျွန်တော့်မိဘတွေလည်း အသက်ကြီးလာပြီလေ။ တွေးလက်စတွေကို ဖြတ်ပြီး ခပ်သွက်သွက် အိမ်ရှိရာသို့ ပြန်လာလိုက်တယ်။ ကျွန်တော်က အရင်က တိုက်ခန်းလေးမှာ နေတယ် ၁နှစ်လောက်ပါပဲ။ ပြီးတော့
မေမေတို့က အဆက်အသွယ်ပြန်လုပ်ပြီး
ခုနေတဲ့ အိမ်လေးဝယ်ထားပေးတယ်လေ။ အိမ်ရောက်တော့ နက်ဖြန် ကိုရီးယား ပြန်ဖို့အတွက် ကျွန်တော်အထုတ်ပြင်လိုက်တယ်။Time skip
Incheon airport ရောက်တော့ ငါးနှစ်တာ ကင်းကွာခဲ့ရတဲ့ အမိမြေရဲ့လေကို
တစ်ဝရှူလိုက်တယ်။ ကျွန်တော်ပြန်လာ
မယ်ဆိုတာ မေမေတို့ကို မပြောထားဘူး။
Surprise ပေါ့နော်။ ကျွန်တော် တက္ကစီ
တစ်စီးငှားပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒီကို ပြန်ရောက်တော့ အတိတ်က အကြောင်းတွေကို ရေးတေးတေးလေး သတိရမိပြန်တယ်။ ခေါင်းတစ်ချက်ခါပြီး earphoneတပ်ပြီး မျက်လုံးမှိတ်ကာ
လိုက်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ တက္ကစီခရှင်းပြီး အိမ်ရဲ့ password နံပါတ်ရိုက်ပြီး ကိုယ့်ဘာသာကိုယ်ပဲ ၀င်လာ
ခဲ့လိုက်တယ်။ အိမ်ထဲရောက်တော့ ထုံးစံအတိုင်း ပါးနဲ့မားက အရမ်းအံ့သြသွားတာပေါ့။ မမကတော့ အလုပ်သွားတယ်တဲ့။
YOU ARE READING
Hyung [ChenJi]
FanfictionChenle Jisung Jichen Yaoi *You can read Zawgyi and Unicode version*