အချိန်တွေကုန်ပြီး ရာသီတွေပြောင်းလာတာတောင် ကျွန်တော့်ရင်ထဲမှာမေ့မရတဲ့ သူတစ်ယောက်ရှိနေသေးတယ်။
အဲ့လူကိုမေ့အောင် ကျွန်တော် အပျော်ရီးစားတွေတစ်ယောက်ပြီးတစ်ယောက် ထားခဲ့တယ်။ အခုတော့ မမေ့နိုင်ပေမဲ့ သတိမရအောင်တော့အနည်းငယ် ထိန်းချုပ်နိုင်ခဲ့ပြီလေ။ အဲ့ဒါ အချိန်ရဲ့ ကုစားနည်းတစ်မျိုးပေါ့။
အမှန်ပြောရရင် ကျွန်တော်က စော်ကြည်ဘဲဗျ။ လာကြိုက်တဲ့ မိန်းခလေးတွေကလည်း အလန်းလေးတွေပဲ။ဒါပေမဲ့ ကျွန်တော့်အချစ်တွေကို ပထမဦးဆုံး ပေးခဲ့သူကယောက်ျားလေးဖြစ်နေလို့လားမသိ၊ ပထမဆုံးအကြိမ် ရင်ခုန်ုခြင်းတွေ ဖြစ်ပေါ်စေခဲ့တာက ယောက်ျားလေးတစ်ယောက်ကြောင့်မို့နဲ့တူတယ် ကောင်မလေးတွေကို ကျွန်တော် ရင်မခုန်တတ်တော့ဘူး။
ကျွန်တော်ပေါင်းသင်းတဲ့ ကောင်မလေးတွေက fujoshiလေးတွေသာ များတယ်။ ကျွန်တော့်ဘဝရဲ့ ရင်ဖွင့်ဖော်လေးတွေလို့လဲ ပြောလို့ရတယ်ဗျ။ သူတို့က ကိုပြည့်နဲ့အကြောင်းကို သိနှင့်ပြီးဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတွေပါ။
ကျွန်တော်တောင် ဘာလိုလိုနဲ့အရွယ်ရောက်လာပြီ။ သို့သော် ရင့်ကျက်လာတာတော့မဟုတ်။ အခုဆို ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒ ကိုပထမနှစ်အနနဲ့ သင်ကြားနေတာ။ အခုဆို ကိုပြည့်ရော ဘယ်မှာ ဘာတွေတက်နေပြီလဲမသိဘူး တစ်ခါတစ်ခါ သတိရတတ်တယ် ဆိုတာတော့ ဝန်ခံပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့လို ပထမနှစ်လေးတွေကို ကြိုဆိုတဲ့ပွဲလေးတစ်ခုမှာ အမှတ်မထင် ကိုပြည့်ချစ်သူလို့ မိတ်ဆက်ပေးတဲ့ အမကြီးကို တွေ့ခဲ့တယ်။မြင်မြင်ချင်း ကျွန်တော် ခြေတွေတုံ့ဆိုင်းသွားရင်း စိုက်ကြည့်နေမိတယ်။ အမကြီးက မုန့်စားကဒ်ကို လှမ်းပေးရင်း ပြုံးပြတယ်။ သေချာတာက သူကျွန်တော့်ကို မမှတ်မိခဲ့ဘူး။
YOU ARE READING
ကျွန်တော့ချစ်သူ လူဆိုးလေး
RomanceAbout story အရင်တုန်းက ficတွေမရေးဖူးပါဘူး အခုကပထမဆုံးရေးဖြစ်တဲ့bl ficလေးပါ။ pure bl ficတော့မဟုတ်ပေမဲ့ 18+တွေတော့မပါ ပါဘူး။ အခုမှစရေးတာမို့ လိုအပ်တာတွေရှိရင်လည်း နားလည်ပေးကြပါ။
အပိုင်း(၆)
Start from the beginning