သို့​သော်​ ဘာ​ကြောင့်​မှန်းမသိ သူ့ကို​တွေ့ကတည်း
က ရှင်းသန့်​ သိပ်​သ​ဘောမကျ​ပေ

မိမိဆီမှ မုန့်​ကို လုယူမည်​စိုး၍ ပူပန်​​နေရ​သော က​လေး တစ်​​ယောက်​လိုမျိုး ခံစားမိသည်

**************

"ဟမ်​ ဧည့်​သည့်​​ရောက်​​နေတာလားဟ"
ဖိနပ်​စင်​မှ ဖိနပ်​များကိုကြည့်​၍ ရဲမာန်​ ​ရေရွတ်​မိသည်

"​အော်​ သား​​ရေ ပြန်​လာပြီလား ဒီမှာ ဘယ်​သူ​တွေ
ရောက်​​နေလဲ လာကြည့်​ပါဦးကွယ်​"

တွေ့လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​ ရဲမာန်​ အံသြ
မှင်​တက်​သွားမိသည်

ဧည့်​သည်​မှာနှစ်​​ယောက်
ဘယ်​ဘက်​ ဆိုဖာ​ပေါ်တွင်​ ထိုင်​​​နေပြီး သူ့ကိုမြင်
တာနဲ့ လက်​နှစ်​ဖက်​ ကမ်း​နေ​သောတစ်​​ယောက်

သူလဲ လွယ်​အိတ်​ကို ကြမ်းပြင်​​ပေါ် ပစ်​ချပြီး ထို့သူ့ဆီသို့ သွား​ပြေးဖက်​ လိုက်​မိသည်

"အား မမဖြူ "

ဟုတ်​သည်​ မမဖြူ စင်​လွန်း

သူငယ်​စဉ်​ကပင်​ အမအရင်းတစ်​​ယောက်​ကဲ့သို့
ခင်​မင်​တွယ်​တာခဲ့ရ​သော ပြင်​ဦးလွင်​ရှိ အိမ်​ နီးချင်း
အမ တစ်​​ယောက်​ဖြစ်​သည်

သူ့အသက်​ ရှစ်​နှစ်​သား​လောက်​ ကတည်းက
ဘေးအိမ်​ကို ​ပြောင်းလာခဲ့ ​သော မမ ဖြူ စင်​လွန်းနှင့်​ သူနှင့်​ရင်းနှီးခဲ့သည်​မှာ မမ ဖြူ စင်​လွန်း နိုင်​ငံခြားမှာ
ကျောင်းသွားမတက်​ခင်​ အချိန်​အထိပင်​ဖြစ်​သည်

သူနှင့်​ မမဖြူ အသက်​က ငါးနှစ်​​လောက်​ကွာသည်

သူ့အသက်​ ၁၂နှစ်​သားခန့်​ကတည်းက
နိုင်​ငံခြားထွက်​သွားခဲ့​သော မမဖြူ နှင့်​ သုံးနှစ်​ကြာမှ
ပြန်​ဆုံရခြင်း​ကြောင့်​ စိတ်​ထဲမှာ​တော့ အတိုင်းမသိ
ဝမ်းသာမိသည်

ငယ်​စဉ်​က သူ့အ​ပေါ်အမြဲ ​မောင်​​လေးအရင်း
တစ်​​ယောက်​လို ​စောင့်​​ရှောက်​​ပေးခဲ့​သော မမဖြူ
ကိစ္စတိုင်းတွင်​ သူ့ဘက်​မှရပ်​တည်​ခဲ့​သောမမဖြူ

Butterfly(Completed)Where stories live. Discover now