Revenge for love(11)

Start from the beginning
                                    

"ဟုတ် မေမေ

ကျွန်တော်တို့အပေါ်ထပ်တက်လိုက်တော့ ထောင်အခန်းထဲဝင်လိုက်တယ် ဝိုး ကျွန်တော် အခုမှသိတယ် သူတို့တော်တော်ချမ်းသာမှန်းကို လုံးဝအသုံးအဆောင်တွေဆိုတာ အဆင်မြင့်မြင့်ပဲ ကုတင်က နှစ်ယောက်အိပ်ကြီး ရှိုင်းစီက King Size လောက်တော့မကြီးဘူး ဟာ သတိရသွားပြန်ပြီ ဟူးးး မေ့အောင်နေရတာမလွယ်လိုက်တာ

"ငါ့အခန်းကို တံခါးဝကပဲကြည့်တော့မှာလား လာ အကျီင်္လဲပြီးနားတော့ ညနေ သဲဖြူကျွန်းစီသွားမယ်

"Ok
_______
၁ဖက်မှာတော့

"အကိုလေးဝေယံကို ခေါ်သွားတဲ့ကားက ရခိုင်ကကားပါ

"ဟင် ရခိုင်က?

"ဟုတ်ပါတယ် ကျွန်တော်စုံစမ်းတော့ အကိုလေးဝေယံရဲ့ ကျောင်းကသူငယ်ချင်း၁ယောက်ပါတဲ့

"ဟုတ်လား

ရှိုင်း စဉ်းစားနေရင်း သတိရသွားတယ်

"(ဟုတ်သား ငါဘာလို့မေ့သွားတာလည်း ရှိုင်း ကျောင်းတက်တုန်းက သူ့သူငယ်ချင်းအကြောင်း၁ခါပြောပြသားပဲ)

"ဟိုလေ သူတို့က အခု ရခိုင်က အကိုလေးဝေယံ့သူငယ်ချင်းအိမ်မှာနေနေပါတယ်တဲ့

"နေပါဦး သတင်းကဘယ်ကရလာတာလည်း သွားတာမနေ့ကမှကို

"ဟုတ် ကျောင်းက ဆရာမစီက phone နံပတ်တောင်းပြီး အကိုလေးသူငယ်ချင်းကိုဆက်လိုက်တာပါ

"ဟုတ်လား

"ပြီးတော့ အကိုလေး ဝေယံနဲ့ သခင်လေးနဲ့ ၁ခုခုလွဲနေပြီထင်တယ် သူကပြောတယ် သခင်လေးမိန်းမတွေစိတ်ဝင်စားရင်လည်း ဝေယံ့ကို ဒုက္ခမပေးပါနဲ့တဲ့

ဒုန်း

" ဒီကောင်က ငါတို့ ၂ယောက်အကြောင်းဘယ်လောက်သိလို့လည်း

"သူပြောတာတော့ အကိုလေးဝေယံအကုန်ပြောပြထားတယ်တဲ့ သူ့ကိုချော့ချင်ရင် မနက်ဖြန် ပုလင်းကျွန်းကိုလာခဲ့ပါတဲ့

"OK အခု လေယာဉ်လက်မှတ်စီစဉ်လိုက်

"ဟုတ်ကဲ့ပါ

ကလေးကိုမင်းကို ပြန်လာတောင်းပန်မယ် ကိုယ့်ကိုဘာအထင်လွဲသွားမှန်းမသိပေမယ့် ကိုမင်းကိုပြန်တောင်းပန်မှာပါ

Revenge for loveWhere stories live. Discover now