Revenge for love(11)

Start from the beginning
                                    

"ဟုတ်တယ်နော် ဒီကလူတွေက အလုပ်မလုပ်တာလား

"မဟုတ်ဘူး ဒီ နယ်မြေကလူတွေက ငပလီ တို့ သံတွဲ တို့ မှာပဲ သွားအလုပ်လုပ်ကြတာ ဒီမှာက လှပေမယ့် မဖွင့်ဖြိုးတော့ လူတွေမသိဘူးလေ

"အော် ဒီနေရာသာလူတွေသိရင် စုတ်ပြတ်သွားမှာပဲ

"သေချာတာပေါ့

"ကဲရိုက်လို့ပြီးပြီလာ နောက် ၁နေရာသွားမယ်

"ဘယ်လည်း

"ငါ့အိမ်ပေါ့ကွ ဘာလည်းမင်းက ဒီမှာ အိပ်မလို့လား

"မဟုတ်ပါဘူး ငါလည်း ပင်ပန်းလို့ နားချင်ပြီပြောမလို့

"အေး အဲ့ဆို လာ အော်သတိထား အဲ့မှာ ကဏန်းသေးသေးလေးတွေရှိတယ် မင်းဟာကို လှမ်း ညှပ်နေဦးမယ် တော်ကြာသေးပါတယ်ဆိုတာ

"မသာကောင်

"ဟဟဟားးး
_____

ကျော်ဇင့်မိဘတွေက ကျွန်တော့ကို ချစ်လို့ဆိုပြီး သားသား သားနဲ့ ခေါ်လို့ကိုမပြီးတော့ဘူး

"မေမေရေ ဒီမှာ သားအစစ်၁ယောက်လုံး အသက်ရှိသေးတယ်နော်

"တွေ့သားပဲ ဝေယံလေးက မင်းထက်လည်းချစ်ဖို့ကောင်းတယ် လူကြီးကိုလည်းရိုသေမှုရှိတယ် လိမ်လည်းလိမ်မာတယ် မင်းလို့မဟုတ်ဘူး

"ဟာ မေမေရာ ကိုယ့်သားဂုဏ်တွေဖော်နေပြန်ပြီ

"ငါကအမှန်တိုင်းပြောတာ အမှန်တရားကခါးသီးတယ်လေ

"ဟုတ်ပါပြီဗျာ ကျွန်တော်တို့ကိုလည်း နားခိုင်းပါဦး ခရီးပန်းနေပြီ

"ဟုတ်သားပဲ အားနာလိုက်တာ သားရယ် သွားသွား အပေါ်မှာသွားနားလိုက် ပစ္စည်းတွေကို ဝန်ထမ်းတွေကိုသယ်ခိုင်းလိုက်မယ်

"ဟုတ် ကျေးဇူးပါ အန်တီ

"အောင်မလေး အန်တီလို့ မခေါ်ပါနဲ့ မေမေလို့ပဲခေါ် ဒီလို လိမ်မာတဲ့သားလေးလိုချင်နေတာ

"ဟုတ်ကဲ့ပါ မေမေ

"ဟာ အချွဲလေး

"မေမေ ကျွန်တော်တို့ နားရပါတော့မလား

"သားလေး သွားတော့ ဟိုအခေါင်ကြီး မျက်နှာက နွားအိုကြီးလိုဖြစ်နေပြီ အပေါ်က ဟိုနွားအခန်းမှာပဲနေလိုက်နော်

Revenge for loveWhere stories live. Discover now