OUR UTOPIA - 2

15.2K 1.6K 129
                                    

(Unicode)

" မတွေ့ဖူးပါဘူး "

" ဟုတ်လား ။ ကျွန်တော်အစ်ကို့ကို အရမ်းရင်းနှီး
သလိုခံစားနေရလို့ ။ မဟုတ်ဘူးဆိုလည်း
တောင်းပန်ပါတယ်နော် "

ပြုံးနေရာမှ ချက်ချင်းညိုးကျသွားတဲ့
ကောင်လေး။

" ရပါတယ် "

ထယ်ယောင်း အနေရခက်စွာဖြင့် မဲ့ပြုံးပြုံးပြမိသည်။

ရုန်းလိုက်ပေမယ့် ထိုကောင်လေး၏လက်ထဲမှ
သူ့လက်သည် လွတ်မသွား။ မိမိလက်ကို
တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း မိမိမျက်နှာကို
အငမ်းမရကြည့်နေသော ထိုကောင်လေးကြောင့်
ထယ်ယောင်းအတွေးတွေ တောင်တောင်အီအီ
ဖြစ်ကုန်သည်။

ပြန်ပေးတွေ၊ဘာတွေဆွဲမလို့တော့
မဟုတ်ပါဘူးနော် .....

" လက် လက်ကိုလွှတ်ဦးလေ "

" ဟာ ဆောရီးအစ်ကို "

ထိုကောင်လေးလက်ထဲမှ လွတ်လွတ်ခြင်းပင်
ထယ်ယောင်း ခပ်သုတ်သုတ်ပြေးမိတော့၏။
နှစ်မှတ်တိုင်လောက်ကို လမ်းကျော်လျှောက်
လာမိသည်အထိ သူ့စိတ်တွေဖရိုဖရဲဖြစ်နေခဲ့သည်။

ရင်ထဲတွင်တင်းကျပ်နေကာ ငိုချင်သလို၊
ကြည်နူးသလိုခံစားမှု့တို့က တရိပ်ရိပ်
တက်နေသည်။ busကားစီးပြန်တော့လည်း
မှတ်တိုင်ကျော်သွား၍လမ်းပြန်လျှောက်လိုက်
ရသေး။

မင်း ဘယ်လိုကောင်လေးလဲ .....

ထိုနေ့ညက ဂျီမင်ဆီကိုတောင် ဖုန်းမဆက်မိခဲ့ချေ။
လိုင်းလည်းမသုံးချင်တော့သောကြောင့် ထမင်းစား
ရေမိုးချိုးပြီးသာ အိပ်ရာဝင်ခဲ့လိုက်သည်။

အိပ်ပျော်ခါနီး၌ သူ့နာမည်ခေါ်သံအား
ကြားမိလိုက်သေးသည်။ ထိုအသံသည်
အဝေးကြီးမှလာသောအသံဖြစ်ပုံရသည်။
ပင်လယ်ရေလှိုင်းများလို တစ်ဆင့်ပြီးတစ်ဆင့်
တုန်ခါခြင်းမျိုးနဲ့ သူ့နားဆီရိုက်ခတ်လာသည်။

အဲ့လိုအသံမျိုးအား သူ ငယ်ငယ်တုန်းကတစ်ခါ၊
အရွယ်ရောက်စကတစ်ခါ ၊ အခုအသက်နှစ်ဆယ့်
သုံးနှစ်မှာတစ်ခါ ပေါင်းသုံးခါတိတိကြားဖူးသည်။ မှတ်မှတ်ရရဘာကြောင့်ဖြစ်နေရသလဲတော့
သူ မသိပါ။

OUR UTOPIA [Completed]Where stories live. Discover now