7

5.9K 415 44
                                    

ကျောင်းပေါက်ဝမှာကားကိုမှီ၍ရပ်နေသောကိုကို့ကိုတွေ့လိုက်တာမို့sehunမှာပါးစပ်အဟောင်းသားနှင့်

Junကတော့သူ့ommaဆေးရုံဆီတန်းသွားမှာမို့အတန်းချိန်တချိန်လစ်ကာပြန်သွားပြီဖြစ်သည်

ကိုကို့မျက်နှာကတင်းနေတာမို့sehunမှာကိုကို့ဆီပဲသွားရမလို
ကြောက်ကြောက်လန့်လန့်နှင့်သာရပ်နေဆဲ

ခုထိကြောက်လန့်ကာသွေးမရှိတော့သည့်မျက်နှာနှင့်ကြောင်ကာငေးကြည့်နေသောကောင်လေးကိုchanyeolစိတ်မရှည်လာရတာမို့
လက်ကောက်ဝတ်မှခပ်ကြမ်းကြမ်းစောင့်ဆွဲလာကာကားထဲပစ်ထည့်လိုက်တော့မျက်နှာရှုံ့မဲ့မဲ့နှင့်လက်ကောက်ဝတ်ကလေးကိုပွတ်နေလျက်....

ကားမောင်းနေသည့်ကိုကိုကဘာစကားမှမပြောတာမို့sehunမရဲတရဲဖြင့်ပင်
"ကိုကို hunnieတို့ခုဘယ်သွားကြမလို့လဲဟင်"

"မင်းပါးစပ်ကိုခုခဏပိတ်ထားပေး"
"ဟုတ်ကဲ့ကိုကို"
အော်လိုက်တော့လဲခေါင်းငုံ့ကာငြိမ်သွားရသောကောင်လေး

ကောင်လေးဟာအရမ်းဖြူစင်လွန်းတာလဲchanyeolကြည့်မရ

ထိုကောင်လေးကိုမြင်လိုက်ရတိုင်းမှာညံ့သက်သွားရတဲ့စိတ်

ဘာမှမဆိုင်တဲ့ကောင်လေးကိုသူနှင့်yujinရဲ့ဒေါသထဲဆွဲမထည့်ချင်ပေမဲ့လဲ......yujinပြိုလဲဖို့ရာပျော့ကွက်ဟာထိုကောင်လေးပဲဖြစ်တာမို့.........

*********************
Tattooဆိုင်ရှေ့ကားရပ်လိုက်တော့ကောင်လေးဟာမျက်လုံးလေးဝိုင်းကာအံ့အားသင့်နေသည့်နှယ်
"ကိုကိုtattooအသစ်ထိုးမို့လားဟင်...နောက်မှလာထိုးပါလားhunnieမကြည့်ရဲလို့"

Aww tattooထိုးတာကိုပင်မကြည့်ရဲဘူးဟုဆိုကာခေါင်းတခါခါလက်တခါခါဖြင့်ငြင်းနေသည့်ကောင်လေးကြောင့်chanyeolပြုံးလိုက်ရင်း

"ဘယ်ကသာကိုယ်ထိုးရမှာလဲ...မင်းကိုထိုးပေးမလို့"
အပြုံး...တစ်နည်းအားဖြင့်လူသတ်ခါနီးစိတ္တဇလူသတ်သမားတယောက်၏အပြုံးမျိုးဖြင့်ခပ်အေးအေးဆိုလာသောကိုကို့စကားကြောင့်sehunမျက်ရည်များပင်ဝိုင်းလာရသည်

"ကိုကို..*အဟင့်*hunnieကြောက်လို့ပါမလုပ်ပါနဲ့နော်...တောင်းပန်ပါတယ်"

ကိုကို...ဘာကြောင့်မုန်းတာလဲ(completed)Where stories live. Discover now