" ဟိုလေ...ဘာလို့မေးတာလဲဖေ...သားတို့တခုခု မှားနေကြလို့လား.."

ကျွန်တော့အမေးကို စိတ်ရှည်လက်ရှည်ဖြေတော့မည့်ပုံစံ နှင့် အောက်ကိုအနည်းငယ်ရှောကျနေသည့်မျက်မှန်ကို လက်ညှိုးလေးဖြင့် ပင့်မကာ...........

" အေ....ဘယ်လိုပြောရမလဲ.....လူဆိုတာကိုက သွေးနဲ့သားနဲ့တည်ဆောက်ထားတာမို့ ဒီလိုကိစ္စတွေက ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ရှောင်လွဲမရဘူးလေ...အဲတော့ ဖေနားလည်ပါတယ်။

ဖေဘာလို့သားတို့ကိစ္စကို သိချင်လဲဆိုတာက သားတို့က သာမာန်လူတွေနဲ့မတူတဲ့ အနေအထားမျိုးနဲ့ ဒီ Sex ကိစ္စကိုဖြေရှင်းကြရတယ်ဆိုတာတော့သိတယ်မလား။

ဒါပေမယ့် အဲလိုစိတ်ဖြစ်တိုင်း နေလို့ရပါတယ်ဆိုပီး ဘာကာကွယ်မှုမှ မရှိဘဲနေလို့မရဘူးကွဲ့။ Ass မှာက ကိုယ်မမြင်နိုင်တဲ့ရောဂါပေါင်းစုံရှိနေနိုင်တဲ့အတွက် ဆေးပညာရှူထောင့်အရ လိုအပ်တဲ့အကာအကွယ်တွေ သုံးပီးမှသာ အတူတူနေသင့်တယ်။"

ဖေသည်ကျွန်တော့အားရှင်းပြနေရသည်မှာ မောသွားဟန်ဖြင့် ဘေးတွင်အဆင်သင့်ချထားသည့် ရေနွေးကြမ်းအား ဖြေးဖြေးချင်းမော့သောက်နေလေသည်။

" သား...ဒီကိစ္စတွေကရှက်လို့မရဘူး...ရေရှည်ကောင်းဖို့အတွက် ဖေကဆွေးနွေးပေးနေတာ... ဖေ့ကို အဖေလို့မမြင်ဘဲ ဆရာဝန်တစ်ယောက်အနေနဲ့ပဲမြင်ပီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ် သား.."

**** အော်အဖေရယ်လို့သာ ရင်ထုချင်တော့သည်*****အခုကိစ္စက ကျွန်တော့တို့ နှစ်ယောက်လုံးအတွက် ကောင်းသော ဆွေးနွေးခြင်းမှန်းလဲသိပေမယ့် ဘယ်လိုမှဖွင့်ချပြဖို့မ၀ံ့ရဲပေ... ဖေကတော့ ကျွန်တော်ရှက်နေတာသိလို့လားမသိ... ဘာမှမမေးတော့ဘဲ သူပြောချင်တာသာဆက်ပီးပြောတော့သည်။

" ဒီမှာ ဒီဆေးက ပိုးသန့်ဆေးလို့ခေါ်တယ် ဒီအမျိုးအစားမှ မဟုတ်ဘူး ပိုးသတ်ဆေးအမျိုးမျိုးရှိတယ် အဆင်ပြေတဲ့ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သုံးနိုင်တယ်..."

ဆေးအရည်တွေပါတဲ့ဘူးလေးအားထုတ်ပြပီး 3cc စလင်းလေးနှင့်စုပ်ထုတ်ပြကာ ..

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now