- 11 -

6.2K 611 17
                                    

Pain is ခင်ဗျား 🥀 (Part-11)

Zawgyi

အဲ့မိန်းမက ဘယ်သူလဲဆိုတာ ရူးလောက်အောင်သိ
ချင်နေပေမယ့်.....

Date လုပ်တာတွေ ကျောင်းကို ပို့ကြိုလုပ်နေတာတွေ
အားလုံး ဖျက်ပစ်လိုက်တယ် အဲ့မိန်းမကြောင့် အဲ့မိန်းမ....

ဒေါက် ဒေါက် ဒေါက်.....

တံခါးကို အမြန်သွားဖွင့်တော့....

"ခင်ဗျား?"

ကျွန်တော့်မျက်နှာ ဘယ်လောက်တောင်ဝင်းလက်သွား
ခဲ့လဲ ဆိုတာ သူသိသည်.....
ပျော်လွန်းလို့ သေတော့မလိုပါပဲ.....

"Jungkook yah! ငါမင်းကိုပြောစရာရှိလို့"

"လာလေ အထဲကိုဝင် ဘာပြောမလို့လဲ?"

အရမ်းတက်ကြွနေသော ကျွန်တော်နှင့် မှိုင်တွေနေသော
သူ.....

"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား ဆေးခန်းသွား
မလား ကျွန်တော်လိုက်ပို့မယ် လာ"

"မဟုတ်ဘူး အဲ့ဒါကြောင့်မဟုတ်ဘူး"

"ဒါဆိုဘာလို့"

"ဟိုနေ့က မင်းတွေ့ခဲ့တဲ့ မိန်းကလေး!"

ထပ်ပြီး အဲ့မိန်းမအကြောင်း!!!

"သူက ဘာဖြစ်လဲ?"

"သူက ငါပြောတဲ့ Yuki ဆိုတာ"

"အော် ထင်တော့ထင်သားပဲ သူပဲနေလိမ့်မယ်လို့ အဲ့ဒါ
ကဘာဖြစ်လဲ"

"သူနဲ့လက်ထပ်ဖို့ Appa ကစီစဉ်လိုက်တယ်"

"ဘာ!!!!!!!!ဒါဆို ဒါကို ခင်ဗျားကလက်ခံတယ်ပေါ့"

"ငါလဲဘာလုပ်ရမယ် တကယ်မသိဘူး...Appaနဲ့သူ့အဖေ
နဲ့ အကျိုးစီးပွားတူ အလုပ်လုပ်နေတာလည်း ငါမသိဘူး"

"စီးပွားရေးကြောင့် လက်ထပ်ခိုင်းတာကို ခင်ဗျားက
ဘယ်လိုတွေးနေတာလဲ မြန်မြန်မငြင်းခဲ့ဘူးလား?ခင်ဗျား
ငြင်းလိုက်ရင် အားလုံးပြီးနေပြီပဲကို!"

"ငါမငြင်းချင်ဘူး...."

ခပ်ဖွဖွ ထွက်လာသော သူ့စကားသံဟာ မဝံ့မရဲဖြစ်နေ
မှန်းသိသာသည်....

"မငြင်းချင်ဘူးတဲ့လား ခင်ဗျားရူးနေလား ခင်ဗျားကိုဘယ်
လိုတောင် ထားခဲ့တဲ့မိန်းမလဲ ခင်ဗျားကို သူ့အကျိုးလိုမှ
လာပေါင်းတာလေ ခင်ဗျားကဘာလို့လဲ"

Pain is ခင်ဗျား • Taekook || COMPLETED ||Where stories live. Discover now