Don't say sorry-9

Start from the beginning
                                    

"​ရော့.....သားအတွက်​ နို့ဘူး၊ ​နေပါဦး သားက ဒီ​လောက်​ငို​နေတာ မနက်​ကတည်းက Hyung ဘာမှမတိုက်​ရ​သေးတာ​တော့ မဟုတ်​ဘူးမလား"

"အဲ့ဒါက.....အွန်း ဟုတ်​တယ်​"

"Hyunggggg........"

"အာ......သားလန့်​သွားဦးမယ်​...ဆယ်​ဟွန်းကလဲ ဘာလို့ ဒီ​လောက်​​အော်​တာလဲ"

"ဒါဖြစ်​သင့်​ရဲ့လားဗျ......ခု ၉ နာရီ​တောငိ ထိုး​တော့မယ်​.....က​လေးကို ဘာမှ မတိုက်​ရ​သေးဘူးတဲ့ ဖြစ်​သင့်​ရဲ့လား....."

"Hyung မနက်​ကထဲက ​နို့မှုန့်​​ဖျော်​​နေတာပဲ​လေ"

"ဘယ်​ကတည်းကလဲ"

"၇ နာရီ ​လောက်​ကတည်းက"

"ဘာာာာ......."

"ဟုတ်​တယ်​....တစ်​ခါက ​ရေ​အေးနဲ့ ​ဖျော်​မိသွားလို့၊ ​နောက်​တစ်​ခါက ​ရေသွားခပ်​​နေတုန်း သားက ထငိုလို့၊ ​နောက်​တစ်​ခါက ​နို့ဘူး​မှောက်​ကျသွားလို့၊ ​နောက်​........"

"​တော်​...​တော်​ပြီ ရပြီ၊ သားကို Hyung နဲ့ စိတ်​ချထားတဲ့ ကျွန်​​တော်​ကိုက မှားတာ"

"............"

"နို့တိုက်ပြီးရင်​ သားကိုသိပ်​လိုက်​ဦး၊ ကျွန်​​တော်​ ဟိုဟာ​တွေ သွားရှင်းရဦးမယ်​"

"ဘယ်​ဟာ​တွေလဲ..."

"Hyung ဖွထားတဲ့ ဟာ​တွေ​လေ"

"​အော်​.........."

************************************

နေ့လည်​စာစား​တော့လဲ သားတစ်​​ယောက်​နဲ့ သူ့မှာ ရှုပ်​ယှက်​​တွေကိုခပ်​လို့.......

"သားကို ကျွန်​​တော့်​ကို​ပေး၊ Hyung အရင်​စားနှင့်​"

"ဆယ်​ဟွန်းက​​ကော မစား​သေးဘူးလား....."

"ရတယ်​ ကျွန်​​တော်​ ပြီးမှစားမယ်​.....သားကို ​ကျွေးလိုက်​ဦးမယ်​"

"............."

"ဆယ်​ဟွန်း......"

"ရှူး......သားအိပ်​​ပျော်​သွားပြီ"

"​မ​ညောင်းဘူးလာ......Hyung ကို​ပေး​လေ....လာ"

"ရတယ်​......လက်​​ပြောင်းရင်​ သားနိုးသွားလိမ့်​မယ်​၊ အိပ်​​မောမကျ​သေးဘူး"

Don't Say SorryWhere stories live. Discover now