Part 1

630 43 14
                                    

တယောက်သောသူအတွက် New Yorkမြို့ကြီးက ယနေ့မှ ပိုမိုလှပနေသယောင်ရှိသည်။

ကြက်သွေးရောင်ကုတ်အင်္ကျီ၊ စတိုင်ပန့်နှင့်
သန့်သန့်ပြန်ပြန့်သူ့ပုံစံက တစ်ချက်ကြည့်ရုံနှင့်
အထက်တန်းလွှာမှန်းသိသာစေသည်။

Guuci Men Loafers ကိုစီးထားပြီး
ခြေလှမ်းတိုင်းကလဲ မြင်ရသူအဖို့
အသက်ရှူမှားလောက်အောင် စမတ်ကျလွန်းသည်။

ပျိုမဒီတို့အကြည့်တွေ မခွာနိုင်လောက်အောင်
ဆွဲဆောင်နိုင်လွန်းသည့် သူ့ကိုယ့်တွင် ညို့အားပြင်းသော သံလိုက်ဓာတ်များ ပါဝင်နေသလော။

မိန်းမချောများစွာက စိတ်ဝင်တစား ငေးမောကြည့်နေကြပါသော်လည်း သူ့အကြည့်တွေကတော့ လျှောက်လမ်းကိုသာ ဦးတည်သည်။

လျှောက်လမ်း၏ညာဘက်ခုံတစ်နေရာရောက်သော်
သူ့ထိုင်ခုံနံပါတ်ဖြစ်၍ ဝင်ထိုင်လိုက်သည်။

လျှောက်လမ်းဘယ်ဘက်ထိုင်ခုံက အမေရိကန်မလေးနှစ်ယောက်ကမူ သူဝင်လာကထဲက ငေးနေလိုက်တာများ
အခုသူထိုင်သည်အထိ။

" Is he  human?"

"No...he is angel"

"I'll get his number when we arrive at Korea"

"Bitch! He is mine"

သူ့နှင့်ပက်သက်လျှင် ကောင်မလေးတွေအလုအယက်ဖြစ်ကြသည်မှာ ဒါပထမဆုံးမဟုတ်၍ သူ့အတွက်တော့ မထူးဆန်းလှ။

မကြာခင် လေယာဉ်ထွက်တော့မည်ဖြစ်ကြောင်း
ကြေငြာချက်ကြောင့် သူအပါအဝင် ခရီးသည်အားလုံး ထိုင်ခုံခါးပတ်ပတ်ကြသည်။

သူ့ဘဝတွင်  ခရီးပေါင်းများစွာ မရေမတွက်နိုင်သွားခဲ့ဖူးပါသည်။ သို့သော် ဒီခရီးစဉ်ကျမှ နှလုံးသားက သိသိသာသာ ပိုမိုခုန်နေရသည်။

လေယာဉ်စထွက်သည်နှင့်လဲ နှုတ်ခမ်းထက်ဝယ် အပြုံးလေးတစ်ခုဖန်တီးမိသည်အထိ စိတ်ထဲက အလိုလိုပျော်ရွှင်နေမိသည်။ ဒီလိုမျိုးလေး တစ်ချက်ပင် မပြုံးဖြစ်ခဲ့သည်မှာ သူ့အတွက် သုံးနှစ်ကြာခဲ့ပါပြီ။

"Did you see that?"

"What?"

"He smiled like a shining star"

You've reached the end of published parts.

⏰ Last updated: Jun 08, 2019 ⏰

Add this story to your Library to get notified about new parts!

Love Me HarderWhere stories live. Discover now