Din ၏ မျက်နှာသည် မည်းခနဲဖြစ်သွားပြီးမှ ချက်ချင်းဆိုသလို ပြန်ပြင်ယူသည်.။

“အမ Yann က ဦးရဲ့ အမ၀မ်းကွဲပါကွာ.အဲ့ဒါတွေအသာထား..။ မင်းရဲ့ကားကို ဦးကြည့်ပေးမယ်”

“မလိုဘူး.!!!”

ခပ်တင်းတင်းပဲပြောပြီး ခြံဝန်းပြင်ဘက်ထွက်ခဲ့လိုက်သည်။ တက္ကစီ တစ်စီးဌားပြီးပဲ ရှေ့ဆက်လို့ရသည်ပဲ.။ထိုသူ ပြင်ပေးသည့်ကားကိုတော့ မစီးချင်.။ ယော်ကျား မိန်းမ မရှောင် မျက်စိအစာကျွေးတတ်သည့် Din ဆိုသည့်လူကို Krist မျက်မုန်းကျိုးသည်.။ပြီးတော့ သံသယတရားခံထဲမှာ ဒင်းက နံပတ်တစ်………….။
-
-
-
ဖခင်ဖြစ်သူ Mr.Rom ၏ ရှေ့တွင် Nick အပြစ်ရှိသူတစ်ယောက်လို တုပ်တုပ်မျှ မလှုပ်ရဲ.။ ညဥ့်နက်နေပြီမို့ လူကလည်းအိပ်ချင်လှပြီ.။ဆိုဖာပေါ်ထိုင်ရင်း ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ဖခင်ကိုလည်း မကြည့်ရဲ.။

“ဒိလိုမျိုး ကိစ္စတွေ နောက်မဖြစ်စေချင်ဘူးတဲ့.။ ငွေလိုရင် ပွင့်ပွင့်လင်းလင်း သူ့ကိုပြော.။ အကျိုးရှိရှိ ကူညီမယ်တဲ့.။ ငါ ဘယ်လောက်မျက်နှာပျက်ရလဲ မင်းသိလား???”

“တောင်းပန်ပါတယ် Paw.. ကျွန်တော်လည်း  သူ မရှိတုန်း ဆိုတော့ လွယ်မယ်ထင်ပြီး..”

“တိတ်စမ်း Nick !!!! သူ မရှိလည်း သူ့နားတွေ မျက်စိတွေက နေရာတိုင်းမှာ ရှိတယ်.။ သူ့အတွက် ဦးဆွေးဆံမြည့် ထမ်းရွက်မယ့်သူတွေ တစ်ပုံကြီး.။ Singto ဘယ်အရွယ်ကတည်းက Prachaya လုပ်ငန်းစုကို ဦးဆောင်ခဲ့လဲ သိလား??”

သိသော်ငြားလည်း အဖြေမလိုသည့်မေးခွန်းဖြစ်သောကြောင့် Nick ပါးစပ်ပိတ်နေလိုက်သည်။

“၁၆ နှစ်ကတည်းကွ..။ခု သူ့အသက် ၂၄ နှစ်.။၈နှစ်တာ ကာလအတွင်းမှ သူဘယ်လောက်လုပ်နိုင်တယ်ဆိုတာ အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြခဲ့တာ.။ မင်းကို ငါ ခဏခဏ ပြောတယ် မပိုင်ရင် မလုပ်နဲ့လို့ ”

“ဟုတ်ကဲ့ပါ. ကျွန်တော် ဆင်ခြင်ပါ့မယ်”

အမှန်တော့ လူက အိပ်ချင်နေပြီဖြစ်သည်။ အံ့သြလည်း အံ့သြပ..အိမ်တော်မှာရော ကုမ္ပဏီမှာပါ မရှိဘဲခရီးထွက်နေသည် ဟုသိထားသည့် Singto က ဒီကိစ္စကို သိသည်တဲ့လား.။ သူ မြင်းပြိုင်ပွဲတွင်လောင်းသည့်ငွေလိုလို့ စက်ရုံက ပစ္စည်းနည်းနည်းလေး ခိုးထုတ်မိတာပါ.။ လုပ်တာလည်း လူယုံတွေနဲ့သာ.။ ဒါကို ဒင်းက ဘယ်လိုလုပ်များ….????

နှစ်ကိုယ်တူတိုင်းပြည်Donde viven las historias. Descúbrelo ahora