.....................
၁ နာရီအကြာ လေယာဉ်စီးအပီးတွင်တော့ ရန်ကုန်
လေဆိပ်အားဆိုက်ရောက်လာခဲ့လေပီ....
လေဆိပ်ထဲတွင် မိသားစုများက လာကြိုသူက ကြို
ပို့သူကပို့နှင့် စည်ကားလျှက်ရှိသည်....
ခွဲခွာရမဲ့သူတွေက ဝမ်းနည်းနေကြသလို
တွေ့ဆုံရတော့မယ့်သူတွေကျတော့လည်း ဝမ်းသာနေ
ကြပြန်ရော.....
ဒီလိုနဲ့ သံသရာကတော့ သူ့တာဝန်အတိုင်း ကျေပွန်စွာ
ထမ်းရွက်လျှက်ရှိသည်...သူတို့အားကြည့်ရင်း လွန်ခဲ့သော ၂ နှစ်က ဒီလေဆိပ်
မှာပဲ ကလေးနဲ့ကျွန်တော် လမ်းခွဲခဲ့ရသည်ပဲလေ...." ကလေးရေ.... ကိုယ်သိပ်လွမ်းတယ်ကွာ....
သည်းမခံနိုင်တော့မှာ ကိုယ်သိပ်ကြောက်မိနေပီ..."လေဆိပ်အပြင်ဘက်က ကောင်းကင်ကြီးအားမော့
ကြည့်ကာ..... လွမ်းလွမ်းဆွတ်ဆွတ်မြည်တမ်းမိသည်..တာဝန်အရ ဖုန်းခေါ်ရဦးမှာမို့.... ကိုအောင်လေးပေး
ထားသော နံပါတ်အတိုင်း နှိပ်လိုက်ကာ. ... တဖက်က
လာကိုင်မည့်သူအား စောင့်လိုက်သည်...." ဟယ်လို... အန်တီ ကျွန်တော် AD.... အခုအိမ်ကို
လာခဲ့လို့အဆင်ပြေလား ခင်ဗျား..."" ဟယ်သား မေမျှော်နေတာ.... လာခဲ့လာခဲ့...
အိမ်မှာ မေပဲရှိတာ.... အခုရန်ကုန်ရောက်ပီလားသား"" ဟုတ်ရောက်ပီ အန်တီ... အဲဆို ကျွန်တော်လာခဲ့
လိုက်မယ်နော်...."" ကြိုပြောရင် မေလာကြိုပါတယ်ကွယ်...."
" ရပါတယ်ဗျ... ကျွန်တော် ကိုယ့်ဟာကိုယ်ပဲ လာခဲ့
လိုက်မယ်...."
...............
Taxi ငှားကားပေါ်တွင် လိုက်ပါလာရင်းနဲ့ အန်တီပြော
တဲ့စကားအား ပြန်ကြားယောင်လာမိသည်....
ကျွန်တော့ကို သားတဲ့ သူ့ကိုယ်သူကျတော့မေတဲ့...
ပြန်ကြားယောင်မိတော့..လူကကြက်သီးပင်ထရသည်အင်း... အန်တီ... ဟင့်အင်းမေပေါ့ ... ကလေးခေါ်
သလို မေပေါ့... ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့ပင် ခေါ်
ရင်း လူက ကြည်နူးလာရသည်....ကလေးနဲ့ ကျွန်တော်အား မေက အသိအမှတ်ပြုသည်
ပေါ့.... အဟား.....
ဆိုကာ ဘာမပြောညာမပြောထရီမိတော့ ကားဆရာက
နောက်ကြည့်မှန်ကနေတဆင့်ကြည့်လာသည်မို့....
ဘာမှမဖြစ်သလို နေလိုက်ရင်း ကားအပြင်ဘက်ကိုပဲ
ငေးလိုက်လာခဲ့သည်...
![](https://img.wattpad.com/cover/134938119-288-k759654.jpg)
Part-37
Start from the beginning