ဒါကြောင့်ပဲ မြို့ထဲက နာမည်ကြီး Cafeဆိုင်တွေထက် နွေးနွေးထွေးထွေး ရှိလှတဲ့ လမ်းထိပ်က Cafeဆိုင်လေးကသာ သူ့ရွေးချယ်မှုရဲ့ နံပါတ်တစ် ။

မှန်ဘောင်ထဲက သီးစုံကိတ်လေးတွေကို ကြည့်နေတဲ့သူ့အတွက် ဝယ်ခိုင်းနေသယောင် ။

'' မလာတာကြာပြီနော် Kyungsoo ''

'' ဟုတ်ကဲ့ ။ အစ်မဆိုယွန်းလည်း မတွေ့ရတဲ့ အတောအတွင်း ပိုချောလာတယ် ''

'' ဒီကောင်လေး သူမုန့်များများစားရအောင် လာမြှောက်နေတယ် ။ ကဲပါ .. ကိတ်မုန့်တစ်ဘူး ။ လိမ္မော်ရည်နှစ်ခွက် ခါတိုင်းလိုပဲမလား ''

'' ဟုတ်ကဲ့ ''

ကောင်တာထဲက ပုံစံအမျိုးမျိုးနဲ့ ကိတ်လေးတွေကို ငေးနေမိရင်း ဆိုင်ကဝန်ထမ်း အစ်မတစ်ယောက်ရဲ့ '' ရပြီ ''ဆိုတဲ့သံကြောင့် မုန့်ဘူးကို ဆွဲယူလိုက်သည် ။

ပိုက်ဆံ .. ငါ့ပိုက်ဆံ !!!

hoodie အိတ်ထောင်ထဲ မွှေနှိုက်ကြည့်တယ် မရှိ ။ ဘောင်းဘီအိတ်ထောင်ထဲ နှိုက်ကြည့်တယ် မရှိ ။ အဲ့ဒါမှဒုက္ခကိုအကြီးကြီးရောက်ရော ။

ပိုက်ဆံယူဖို့ ဝန်ထမ်းအစ်မကလည်း စောင့်နေပြီ ။ ပိုက်ဆံအိတ်ကလည်း လုံးဝကိုရှာမတွေ့ ။ သေချာထည့်ခဲ့ရဲ့သားနဲ့ ဘာလို့မပါခဲ့တာပါလိမ့် ။

မုန့်ထုပ်ကိုင်ကာ ပိုက်ဆံမရှင်းဘဲ အိတ်ထောင်တွေထဲ ဟိုနှိုက်သည်နှိုက်လုပ်နေတဲ့ Kyungsooကို ဆိုင်ထဲက လူတွေကလည်း အထူးအဆန်းလို ကြည့်နေကြပြီ ။ ဝတ်ထားတဲ့ hoodie အနက်ရောင်ကလည်း ခေါင်းစွပ်ကို မျက်နှာတစ်ဝက် ဖုံးလုနီးပါးဆိုတော့ ။

နှားထင်ထောင့်က စီးကျလာတဲ့ ချွေးစတွေကို အင်္ကျီလက်နဲ့  ပွတ်သုတ်လိုက်သည် ။

'' ကဒ်နဲ့ရှင်းလို့ရတယ်ဟုတ် ? Hyungယူထားသမျှ ဒါနဲ့ရှင်းမယ် ''

'' အော် .. အင်း အင်း ''

ကဒ်ယူကာ ကြောင်စီစီနဲ့ ငွေဖြတ်နေတဲ့ ဝန်ထမ်းအစ်မကို Kyungsooကလည်း ကြောင်တောင်တောင်နဲ့သာ ကြည့်နေမိတယ် ။

Yes,I'm UglyDove le storie prendono vita. Scoprilo ora