ဒါ့အပြင် B-Base ဟာ မြေဆီလွှာသန့်စင်ပေးနိုင်တဲ့ဆေးရည်နဲ့ ရေသန့်စင်ဆေးရည်တို့ကို ထပ်မံတီထွင်လိုက်ပြန်တယ်။ ဒါ့ကြောင့် လူသားတွေအတွက် အငတ်ဘေးဆိုက်ပြီး သေကြေပျက်ဆီးတော့မဲ့အန္တရာယ်ကနေ တားဆီးပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ တကယ်လို့သာ မင်းအနေနဲ့ ဒီပစ္စည်း 3 မျိုးကို လိုချင်တယ်ဆိုရင်တော့ စားနပ်ရိက္ခာအမြောက်အများအပြင် အမြုတေပေါင်းများစွာကိုအသုံးပြုပြီး အလဲအလှယ်ပြုရလိမ့်မယ်။ ဒီအချက်ကြောင့်ပဲ B-Base ဟာ သိပ်မကြာခင်မှာ တရုတ်ပြည်ရဲ့ အင်အားအတောင့်တင်းဆုံး သုသေသနဌာနကြီးတစ်ခုဖြစ်လာခဲ့တယ်။

B-Base က ထိုပစ္စည်း 3 မျိုးကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်တွေရဲ့သတင်းတွေကို အပြင်ကိုလုံးဝမပေါက်ကြားအောင် အလွန်တင်းကြပ်စွာ ကာကွယ်ထားခဲ့တဲ့အတွက် ထိုသိပ္ပံပညာရှင်တွေက ဘယ်သူဘယ်ဝါဆိုတာကို ကော်ကျစ်ရိန်သေဆုံးချိန်အထိ မရှာဖွေနိုင်ခဲ့ဘူး။

ဒီဘဝမှာတော့ ဒေါက်တာ့ရဲ့အရည်အချင်းတွေကို မြင်တွေ့ခဲ့ပြီးတဲ့နောက် ထိုပစ္စည်း 3 မျိုးရဲ့ မူလတီထွင်သူဟာ ဒေါက်တာပိုင်ဖြစ်လိမ့်မယ်လို့ သူထင်လာမိတယ်။ တကယ်သာ ဒေါက်တာပိုင်ဖြစ်နေတယ်ဆိုရင်တော့ သူတို့တွေ တကယ့်ရတနာထုပ်အကြီးကြီးပိုက်မိပြီပဲ။

ကံမကောင်းစွာပဲ ထိုပစ္စည်းတွေကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်က ပိုင်မော့ဟန်မဟုတ်ဘူး။ ပိုင်မော့ဟန်က ဆေးဝါးသုသေသနကိုအထူးပြုတဲ့ သိပ္ပံပညာရှင်သာဖြစ်တယ်။ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေက ဒေါက်တာပိုင် ကျွမ်းကျင်ရာနယ်ပယ်တွေမဟုတ်ဘူး။ ကော်ကျစ်ရိန်ပြောချင်တဲ့အဓိပ္ပာယ်ကို ကျိုးယွင်ရှန့်ကောင်းကောင်းနားလည်တယ်။ သူ ပိုင်မော့ဟန်ရဲ့မှတ်ဥာဏ်တွေထဲကို တူးဆွရှာဖွေကြည့်တဲ့အခါ ထိုဓာတုဗေဒပညာရှင်တွေဟာ အခုအချိန်မှာ B-Base မှာ ရောက်နှင့်နေပြီဖြစ်ကြောင်း မှတ်မိသွားတယ်။ ထိုဓာတုဗေဒပညာရှင်တွေဟာ ဥက္ကာခဲမိုးရွာတဲ့အချိန်မှာ တဝေါဝေါကျလာတဲ့ဥက္ကာခဲတွေကို ရွှေမိုးငွေမိုးရွာသလို ဝမ်းသာအားရကြိုဆိုကြတယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now