Irreplaceable - 2

1.3K 110 4
                                    

နေမင်းကြီးသည် အနောက်ရပ်သို့ဝင်စပြုလေပြီ

နာရီကိုလှမ်းကာ ကြည့်တော့ "လေးနာရီခွဲ"....
ခဏနေလျှင် ကျောင်းခေါင်းလောင်းထိုးတော့မည်။

အတန်းထဲကလူတိုင်း ကျောင်းဆင်းချိန်ကို မျှော်လင့်နေသောငြား ကျွန်တော့်အတွက်တော့ ကျောင်းဝင်းပြင်ရောက်သည်နှင့် ဆီးကြိုနေသော အလုပ်များ တန်းစီနေသည်မို့
ကျောင်းဆင်းချိန်ကို မရောက်ချင်။
အနည်းဆုံးတော့ စာသင်နေချိန်သည် အလုပ်ချိန်တို့ထက် အများကြီးသက်သာသေး၏။

"ကလင် ကလင် ကလင်"

ဟော.....အချိန်တို့မည်သည် ကိုယ်မလိုချင်ရင်
အမြန်ဆုံးရောက်တာမျိုး!
ဆရာ့ကို နှုတ်ဆက်ပြီး ကျောင်းသားအားလုံးထွက်မည်အလုပ်....

"ထယ်ယောင်း .....ခဏနေခဲ့အုံးနော်"

ဆရာ့အသံကြောင့် ခြေလှမ်းများ တွန့်ဆုတ်သွားသည်။
ဆရာပြောမည့်စကားကို စိတ်ထဲကပင် ကြိုသိနေသလို။

မည်သူမျှ အခန်းထဲမရှိတော့မှ ဆရာJoonက...

"ထယ်ယောင်း......မင်း သုံးလစာကျောင်းလခမသွင်းရသေးဖူးဆို?"

"ဟုတ်...ဟုတ်ကဲ့ ဆရာ ကျွန်တော် လကုန်သွင်းမှာပါ"

"ဆရာ မင်းအစား ကျောင်းလခသွင်းပေးထားတယ်
နောက်မှ ဖြည်းဖြည်းပြန်ဆပ်ကွာ"

"ဗျာ?"

"သုံးလစာပေါင်းသွားတာဆိုတော့ မပေးသေးရင် မင်းကျောင်းထုတ်ခံနေရမှာဆိုးလို့ပါ"

"ကျေးဇူးတင်လိုက်တာ ဆရာရယ်....ကျွန်တော် ပြန်ဆပ်ပါ့မယ်"

IrreplaceableWhere stories live. Discover now