Chapter - 73 (Zawgyi & Unicode)
34.6K 2.8K 100
●●●Zawgyi●●●
အ​စောင့်​ရဲမက်​တစ်​​ယောက်​ကို ရှန်း ​ခေါင်းညိတ်​ပြပြီး ဆိုင်​ရှင်​လူကြီး သူ၏ဇနီးနှင့်​အတူ မုံ နှင့်​ ကျူးအန်း တို့ကို ​ရှေ့​မှောက်​သို့ ​ခေါ်လာ​စေသည်​။
ဘယ်​လိုအ​ကြောင်းရာများဖြစ်​​တော့မလဲဟု လူအများသိချင်​စိတ်​တို့နှင့်​ ​တွေး​နေကြစဉ်​ တုန်​လှုပ်​​နေ​သော ဆိုင်​ရှင်​လူကြီးကို ရှန်း လှည့်​ကြည့်​လိုက်​ပြီး ....
"တရားဝင်​စာချုပ်​ကို ဖျက်​ပစ်​ခဲ့သလား"
ဆိုင်​ရှင်​လူကြီးက ကျူးအန်း ကို ကြည့်​ပြီး​နောက်​ မုံ ကို ကြည့်​လိုက်​သည့်​အခါ မုံ က လိမ်​ညာရန်​ အချက်​ပြလိုက်​သည်​။ ထိုအခါ ဆိုင်​ရှင်​က တုန်​ယင်​​နေ​သောအသံနှင့်​ ....
"အ...အ..အရှင်​မင်းကြီး ကျွန်​​တော်​မျိုး မလုပ်​ဝံ့ပါ ... ကျွန်​...ကျွန်​​တော်​မျိုး စာချုပ်​ဖျက်​ပစ်​ခဲ့ရင်​ ​ပေးတဲ့အပြစ်​ဒဏ်​​တွေကို ​ကောင်း​ကောင်းသိတာ​ကြောင့်​ မကျူးလွန်​ဝံ့ပါဘူး"
ဆိုင်​ရှင်​က​ပြောပြီးသည့်​အခါ ဇနီးဖြစ်​သူက ထပ်​၍ ....
"ဟင့်​ ... အရှင်​မင်းကြီး .. ကျွန်​​တော်​မျိုးမရဲ့ ခင်​ပွန်းက ရိုးသားသူပါ .. နွမ်းပါးတဲ့သူ​တွေကိုလည်း ကူညီခဲ့ဖူးပါတယ်​ ... ကျွန်​​တော်​မျိုးမတို့ မတရားစွပ်​စွဲခံရတာပါ .. ​ကျေးဇူးပြုပြီး ကျွန်​​တော်​မျိုးမတို့ကို လွှတ်​​ပေးပါ"
သူမ၏​လျှောက်​ချက်​တို့ကို ရှန်း ဂရုမစိုက်​ဘဲ ကျူးအန်း ထံသို့ အကြည့်​တို့ကို ​ရွေ့လိုက်​ပြီး ....
"မင်းနဲ့လုပ်​ထားတဲ့ စာချုပ်​ကို ဒီလူဖျက်​သိမ်းခဲ့လား"
ကျူးအန်း လည်း ​ခေါင်းငုံ့ထားကာ တုန်​ရီလျက်​ပင်​ ....
"ဟုတ်​...ဟုတ်​ပါတယ်​ အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးယူလာတဲ့ ဆံထိုးကို ပြင်​​ပေးမယ်​လို့ ​ပြောခဲ့ပါတယ်​ ... ကျွန်​​တော်​မျိုးတို့ သ​ဘောတူထားချက်​အတိုင်း ဆံထိုးကို မ​ရောင်း​စေချင်​​ပေမယ့်​ သူတို့ ​ရောင်းပစ်​ခဲ့ပါတယ်​"