Irreplaceable - 1

3.2K 158 4
                                        

{Unicode version}

"အချစ်" ဟူသည် ဆန်းကြယ်လွန်းလှသည်။

သူများတွေ "အချစ်" ကို မည်သို့အဓိပ္ပာယ်ဖွင့်ကြသည်ကိုတော့ သူ မသိ။သူ့အတွက်တော့ "အချစ်" ဟူသည် မည်သည်နှင့်မျှအစားထိုး၍မရနိုင်သောအရာဖြစ်သည်။
သူ့ဘဝတွင် လူတစ်ယောက်ကို နှလုံးသားမှ နက်နက်ရှိုင်းရှိုင်းချစ်ဖူးသည်။ ထိုလူသားကို ယနေ့ထိတိုင် မလျော့သောချစ်ခြင်းနဲ့ချစ်နေဆဲဖြစ်သည်။ အချိန်တွေကြာခဲ့ပြီ ဖြစ်သော်လည်း သူ့အတွက်တော့ အလွမ်းတွေဟာအေးခဲမသွားသလို အချစ်တွေကလဲ လျော့မသွားခဲ့ပေ။

ညဖြစ်သော်ငြား ထုံးစံအတိုင်း သူ အိပ်မပျော်သေး၍
အခန်းတွင်းရှိ ပြတင်းပေါက်နားက ပလက်ကုလားထိုင်ပေါ်တွင်  ထိုင်လို့နေသည်။ပြတင်းပေါက်၏အပြင်ကို သူလှမ်းကြည့်တော့ မိုးပေါက်တို့က တဖွဲဖွဲကျလျက်ရှိသည်။မိုးရေစက်တို့ မြေခတိုင်း သူ့နှလုံးသားတစ်နေရာမှ
လွမ်းစိတ်ပိုမိသည်ကိုတော့ သူ့ရင်ထဲက တစ်ယောက်သော သူက သိလိမ့်မည်မဟုတ်၊သူ့ စကားသံကိုလည်း ထိုသူကြားနိုင်လိမ့်မည် မဟုတ်သော်လည်း တိုးတိုးလေးရေရွတ်မိသည်။

"မိုးရွာတဲ့နေ့မှာ ငါတို့အမှတ်မထင် ဆုံတွေ့ခဲ့ကြတယ်နော်
မှတ်မ်ိသေးတယ်၊ အဲ့တုန်းက မင်းငါ့ကို စိတ်တိုနေခဲ့တာလေ"

နှစ်ရှည်လများ အလွမ်းရက်တာရှည်ခဲ့ပေမဲ့
အခုချိန်ထိ ထိုအလွမ်းတို့နှင့် သူ နေသားမကျသေးပေ။
အလွမ်းဆိပ်တို့ ပိုမတက်လာခင် အိပ်ယာဆီသွားကာ
ဘေးနား စားပွဲဆီက ဓာတ်ပုံတစ်ပုံကို ယူကြည့်မိပြန်သည်။

ပုံမျက်နှာပြင်တွင်ကား အသက်နှစ်ဆယ်ကျော်အရွယ် ကောင်လေးနှစ်ယောက်၊ တစ်ယောက်က မျက်မှန်အနက်ရောင်နှင့် ကျန်တစ်ယောက်က မျက်မှန်နှင့်ကောင်လေးကို ငေးမောလျက်ရှိသည်။ နှစ်ဦးလုံး မျက်နှာတွင် အပြုံးတို့ပွင့်လန်းနေပြီး တစ်ယောက်ပခုံးတစ်ယောက်ဖက်ထားလို့နေသည်။ လွမ်းနေသူကို ဓာတ်ပုံထဲမှာမြင်လိုက်ရတော့
သူ့အတွက် အလွမ်းဆိပ်လေး အနည်းအငယ်တော့ ပြေပါသည်။

IrreplaceableWhere stories live. Discover now